CH(71)... ညစ်ညမ်းသောမိန်းမ

476 17 0
                                    


အခု သူမ Tamon ကို အလွန်သဘောကျသွားမိသည်။
ဒီအချိန်မှာတောင်သူက သားရဲတစ်ကောင်လို ဖြစ်နေတယ်။
သူမ မမြင်ချင်သော်လည်း ထူးဆန်းသော၊ ရှုပ်ပွပြီး သိချင်သောစိတ်တို့က သူမ၏မျက်လုံးများကို သတိမထားမိဘဲဖြစ်သွားသည်။

"မင်းငါ့ကိုဒီလိုစိုက်ကြည့်နေမယ်ဆိုရင် မင်းဒါကိုထိသင့်တယ်" (တမွန်)

ပြတ်သားပြီး မိုက်မဲတဲ့ အသံနဲ့ သူကိုင်ထားတဲ့ သူမလက်ကို ရွှေ့ဖို့ ကြိုးစားလိုက်တယ်။
Roselyn လန့်သွားပြီး သူ့ဆီက သူမလက်ကို ဖယ်ဖို့ ကြိုးစားပေမယ့် မရ‌ေတာ့ဘူးလေ။
သူမလက်ကို ဆုပ်ကိုင်ထားသော သူ့လက်သည် သူ့ရဲ့ယောက်ျားပိီသ လိမ္မာပါးနပ်သော အရပ်ဆီသို့ ဆွဲခေါ်သွားပုံရသည်။

“အိုး၊ မလုပ်နဲ့။” (ရိုစလင်း)

"မင်း ခွင့်ပြုချက်မရှိဘဲ ငါ့ကို နောက်ဆုံး ဘယ်အချိန်က ထိခဲ့တာလဲ၊ အခု ဘာလို့ ထွက်သွားချင်တာလဲ။" (တမွန်)

သူမ၏ နှလုံးသားသည် ကြောက်ရွံ့မှုနှင့်အတူ တဒိန်းဒိန်းခုန်လို့လာသည်။
Roselyn သည် နီရဲသော မျက်နှာဖြင့် သူ့ကိုပြင်းရှစွာ စိုက်ကြည့်နေသည်။

"ငါဘာမှမလုပ်ဘူး။" (ရိုစလင်း)

“ဒီလိုတာဝန်မယူဘဲ ရှောင်တိမ်း သွားတယ်‌ေပါ့။ မတရားဘူး………..။” (tamon)

ဝမ်းနည်းသောအသံဖြင့် ပြောသော်လည်း သူ့နှုတ်ခမ်းများက လှောင်ပြောင်နေတာပါ။ဒိလိုနေရာမှာ ဘယ်လိုတာဝန်နှင့် ရှောင်လွှဲမှုမျိုးများ ရှိမှာလဲ ။ဒါသပ်သပ်ကို အကျပ်ကိုင်တာ။
သူ့ပခုံးကို တစ်ကြိမ်လောက်ပွတ်ပေးမိလိုက်ရုံဖြင့် လူယုတ်မာ ဖြစ်သွားတာ Tamon ပဲလေ။

'သူငါ့ တစ်ယောက်တည်းကို အပြစ်တင်တာ အဓိပ္ပါယ်မဲ့တာပဲ'

"ရှင်တစ်‌ေယာက်ထဲ  .အာ့လို့ြဖစ်...!"

Roselyn သည် ချက်ချင်း ငြိမ်ကျသွားသည်။

"ဘာလဲ? ဘာ? အဲ့ဒါဘာကို?" (တမွန်)

Tamon က သူမကို ကျီစားဖို့ တစ်ခုခုရှာထားသလိုမျိုး မြန်မြန်ပြန်မေးတယ်။

'အိုး မဟုတ်ဘူး'

ဒီထက်သာပိုပြီး ရုန်းကန်ရင် Tamon ရဲ့လှည့်ကွက်မှာ သူမ ကျဆုံးတော့မှာပဲ။ စိတ်ပျက်လက်ပျက်နဲ့ ထွက်လမ်းရှာရင်း Tamon ကိုင်ထားတဲ့ သူမလက်ကို Roselyn ကြည့်လိုက်ပြီး သူမသည် Tamon ၏လက်ကိုချက်ချင်းကိုက်ပစ်လိုက်သည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now