CH(77) ရည်မှန်းချက်နှင့် ပစ်ခတ်ပါ။

133 16 0
                                    



တတိယမြောက် ကိုယ်စားလှယ်လောင်းမှာ အနက်ရောင်ဆံပင်နှင့် ထူးခြားတဲ့ အသွင်အပြင်ရှိတဲ့ အရှေ့တိုင်းအမျိုးသမီးတစ်ဦး။

"အို့ ! ဒီ တတိယပြိုင်ပွဲဝင်က အလွန်ဝေးကွာတဲ့အရပ်ကလာတဲ့ အရေးကြီးတဲ့ ဧည့်သည်ဖြစ်နိုင်တယ်။ ဒီလို အဖိုးတန်ဧည့်သည်တွေရဲ့ စွမ်းရည်ကို မြင်တွေ့ရတာက ဒီပွဲအတွက် ဂုဏ်ယူစရာပဲ။ ဟားဟား!"

တင်ဆက်သူ၏ နှောက်ယှက်မှုများကြားတွင်၊ ဆံပင်အနက်‌ေရာင်ရှိသော အမျိုးသမီးက ပစ်မှတ်ကို စိုက်ကြည့်နေရင်း သူမ၏ မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ် အမူအရာသာရှိလို့နေတယ်။
သူမသည် လေးကို ညွှန်ကာ ကြိုးကိုဆွဲလိုက်သည်။

ပထမဆံုး ပစ်ချက်ကို သူမက စတော်ဘယ်ရီသီးကို ရဲဝံ့စွာ ချိန်ရွယ်ထားခဲ့သည်။
တင်းမာသော လေးကြိုးမှ လေးကို လွှတ်လိုက်တဲ့ အခိုက်အတန့်။

'ထိတော့မယ်……………'

Roselyn က မျက်စောင်းထိုးကြည့်လိုက်သည်။
စတော်ဘယ်ရီသီးဆီကို ပထမဆုံးထိချက်ကနေ မှန်ကန်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။

“…!”

ပြောစရာတောင် မလိုပါဘူး၊ သူမဟာ ထက်မြက်တဲ့ သရုပ်‌ေဆာင်တစ်ယောက်ပါ။အားလုံးဆီမှ စူးစူးဝါးဝါးအော်‌ေပးသံတို့ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက မမျှော်လင့်ထားသလို တုန်လှုပ်သွားကြသည်။ တချို့သူတို့ရဲ့ အပြောအဆိုတွေက တင်းမာလာခဲ့ကြတယ်။ နိုင်ငံခြားသားက ၎င်းတို့၏ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားမှာကို လူအုပ်ကြီးက စိုးရိမ်လို့နေကြသည်။ တိုးတိုးတိတ်တိတ်ထွက်လာတဲ့ အသံတွေက မကောင်း‌ေတာ့ဘူး။
ဒါပေမယ့် အမျိုးသမီးက ကြိုးတွေကို မယိမ်းယိုင်သွားဘဲ ဆွဲယူနေတုန်းပါပဲ။
အသံ‌ေတွက အလွန်ဆူညံနေသော်လည်း သူမကတည်ငြိမ်သောမျက်နှာဖြင့် ဒုတိယမြှားကို ပစ်လွှတ်လိုက်သည်။

ဝူး!

အမျိုးသမီး၏ မြှားသည် ပန်းသီး၏ အလယ်သို့ ထိမှန်သွားခဲ့တယ်။

“အိုး…”

"သူမတကယ်ကောင်းတယ်! “

“သူမဟာ အရှေ့အရပ်က ဖြစ်ပုံရတယ်… မှန်တယ်။ အဲဒီတိုင်းပြည်ကလူတွေက လေးပစ်‌ေတာ်တယ်လို့ ကြားဖူးတယ်။”

မိဘုရား ခိုးတာဘယ်သူလဲحيث تعيش القصص. اكتشف الآن