Chapter-3

800 94 1
                                    

*ကျန်းကုန်းအာ* ကနေ *ကျန်းကော်အာ* ဟုပြောင်းလဲပြင်ဆင်ထားပါကြောင်း

———

ကျန်းကော်အာက စားသောက်ရန်ပြန်မထိုင်ခင် ရွှီလျန်၏ရွှေစကားလုံးတွေကို အလျင်အမြန် သူမမှတ်စုစာအုပ်ထဲမှတ်သားထားလိုက်၏။

ရွှီလျန်ကတော့ သူမ၏အများနှင့်မတူတမူထူးနေသည့်အပြုအမူတွေကို ကျင့်သားရနေပြီးသားပဲ ၊ နေ့လည်စာစားပြီးရန် သူမအတွက်အချိန်အကြာကြီးမယူလိုက်ရ...သူမအော်ဒါတွေကိုအမီလုပ်ရန် အပေါ်ထပ်သို့ပြန်တက်သွားတော့သည်။

တစ်ဝက်၌ တာဝန်ရှိသူက သူတို့အော်ဒါတိုးတက်မှုအခြေအနေကိုမေးမြန်းရန် သူမကိုမက်ဆေ့ပို့လာခဲ့၏။ ရွှီလျန်နှင့်တာဝန်ရှိသူတို့စကားပြောဆိုပြီးသွားသည့်အခိုက် တံခါးရှိသံစုံခေါင်းလောင်းမြည်သံကို သူမကြားလိုက်ရလေသည်။

ပုံမှန်အားဖြင့် ကာစတန်မာတွေကနေ့လည်ခင်းတွင်လာတာကြောင့် ရွှီလျန်ကအများကြီးမတွေးတော့ဘဲ သူမအလုပ်ကိုဆက်လုပ်နေတော့၏။ သို့သော် ငွေရှင်းကောင်တာတွင်ထိုင်နေသည့်ကျန်းကော်အာကတော့ ရုတ်တရက်စိတ်လှုပ်ရှားလာခဲ့သည်။

သူမလေ့လာနေသည့်ပစ်မှတ်နံပါတ်.0122 ရောက်လာပြီ!

"ဘော့စ်......"

သူမက ရွှီလျန်ကိုအော်ခေါ်ချင်ခဲ့ပေမဲ့လည်း ဝင်လာသည့်သူ၏ကြားဖြတ်ခြင်းကိုခံလိုက်ရသည်။

"ရှူး"

ဝေ့ရိချန်က တိတ်တိတ်နေခိုင်းသည့်ပုံစံမျိုးလုပ်ပြလိုက်၏။ သူ့လက်ညှိုးပေါ်ရှိ Punkငွေရောင်လက်စွပ်က အရောင်လက်လာကာ

"ငါအပေါ်တက်ပြီး သူမကို ငါ့ဘာသာသွားရှာလိုက်မယ်"

ကျန်းကော်အာက နာနာခံခံဖြင့် သူမပါးစပ်ပိတ်ကာ ခေါင်းညိတ်ပြလိုက်၏။

ဝေ့ရိချန်က ဒုတိယထပ်ကို တည့်တည့်မတ်မတ်ဦးတည်လာ၏။ အဝေးမှ သူ့သားရေဘွတ်ဖိနပ်အသံကိုကြားတော့ ကျန်းကော်အာက သူ့နောက်ကျောကိုစိုက်ကြည့်နေလျက်...ကောင်းတယ် သူတော့သွားပြီ။ သူမက သူမမှတ်စုစာအုပ်လေးကို မြန်မြန်ထုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် 0122 ခေါင်းစဉ်အောက်တွင် ရေးမှတ်လိုက်သည်က : 'ဝေ့ရိချန်ကအရမ်းကြည့်ကောင်းတာပဲ!'

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now