Chapter-14

566 87 3
                                    


တစ်စက္ကန့်အတွင်းမှာ စကားလုံးတစ်သိန်းလောက်ပါသောခွေးသွေးပြဇာတ်က ဝမ်ကောဦးနှောက်ထဲ၌ ပေါ်လာလေသည်။

သူ့မသိစိတ်က ရွှီလျန်အားကြည့်လိုက်သည်။ ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့အရပ်အမောင်းကလည်း လုံးဝလိုက်ဖက်တယ်။

ထိုလူက ချက်ချင်းပြန်မဖြေလာသည်ကိုမြင်တော့ ရွှီလျန်စိတ်ပူလာရတော့၏။

"သူ့ဒဏ်ရာကပိုဆိုးလာတာလား"

ဝမ်ကောတစ်ယောက် သူ၏စကားလုံးတစ်သိန်းဇာတ်လမ်းဇာတ်ကွက်ထဲ၌ နစ်မျောနေစဉ် သူ တစ်စုံတစ်ရာအား သဘောပေါက်လိုက်သည်။

လတ်စသက်တော့ ရှန့်ချန်ခုန်းရဲ့ဒဏ်ရာက ရွှီလျန်အမည်ရှိဤအမျိုးသမီးနှင့်ပတ်သတ်နေခဲ့တာပဲ..

လွန်ခဲ့တဲ့နှစ်ရက်က ရှန့်ချန်ခုန်းဒဏ်ရာကို သူမြင်သောအခါ သူအရမ်းထိတ်လန့်သွားခဲ့ရသည်။ သူက သူ့(ရှန့်ချန်ခုန်း)အား ဘာတွေဖြစ်ပျက်ခဲ့တာလဲလို့မေးခဲ့ပေမဲ့လည်း ရှန့်ချန်ခုန်းကတော့ သူ မတော်တဆလဲကျခဲ့တာလို့ပဲပြန်ဖြေခဲ့လေသည်။

ဟာသပဲ ၊ သူလည်းငယ်ရာကကြီးလာခဲ့တာပါ... သူ့ဒဏ်ရာတွေက တခြားသူတွေနဲ့ရန်ဖြစ်ရာကနေ ရလာခဲ့ကြောင်းကို ဘယ်သူကသူ့ကိုမပြောနိုင်ရမှာလဲ?

အဲဒီတော့ ဤရန်ပွဲက မိန်းမလှလေးတစ်ယောက်အတွက် ဒေါသထွက်လွယ်တဲ့လူငယ်လေးတွေယှဉ်ပြိုင်ကြတာကြောင့် ဖြစ်ခဲ့တာပေါ့လေ?

သို့သော်လည်း သူနားမလည်နိုင်ဘူး ၊ အကယ်၍ ဒါကသာ ကိစ္စဖြစ်မည်ဆိုပါက ရှန့်ချန်ခုန်းက ဒီနေ့ အော်ဒါကို ဘာလို့လာမပို့ရတာလဲ? ငါ့ရဲ့တွေးခေါ်နိုင်စွမ်းမှာ ဘယ်နေရာမှာများကွဲလွဲမှုတွေရှိနေတာလဲ?

ထိုလူငယ်လေး၏အလုပ်၌အလျင်လူတစ်ယောက်အနေနှင့်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနှင့်ဖြစ်စေ ဝမ်ကောသည် သူ့ပခုံးထက်၌ လေးလံသောဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအား ထမ်းရွတ်ထားသကဲ့သို့ခံစားရ၏။ သူ ရွှီလျန်အားပြောလိုက်သည်။

"ဟုတ်ပါတယ် ရှောင်ရှန့်ရဲ့ဒဏ်ရာတွေကအရမ်းဆိုးနေတာ ဒါပေမဲ့ သူက ဒဏ်ရာတွေစစ်ဆေးကြည့်ဖို့ ဆေးရုံသွားရမှာကိုတင်းခံနေတာလေ၊ ငါလဲဘာလုပ်ရမှန်းကိုမသိတော့ဘူး။ မင်းသိမလားတော့ငါမသေချာဘူး အာ.. ဒါပေမဲ့ သူက ငါတို့ရဲ့အလုပ်မှာ အမြဲတမ်း good review တွေအများကြီးရတယ်လေ၊ သူဒဏ်ရာရတဲ့နေ့က သူ မကျေနပ်ချက်တွေရတဲ့ပထမဆုံးနေ့ပဲ"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now