Chapter-30

574 88 3
                                    



ထို့နောက် နှစ်ယောက်မှာ ဆိုဖာပေါ်တွင် အမောတကောဖြင့် လှဲနေကြတော့သည်။ ရွှီလျန်မှာ အလွန်ပင်ပန်းနေသောကြောင့် သူမလက်ချောင်းလေးတစ်ချောင်းကိုတောင် မလှုပ်ရှားချင်တော့ပေ။

ရွှီလျန်သည် သူမ ရှန့်ချန်ခုန်းကို အမီလိုက်နိုင်ရန်အတွက် မနက်ပိုင်းပြေးခြင်းအား နာရီဝက်လောက် ထပ်တိုးရမယ်လို့ ခံစားနေရသည်။

သူမအား ဘေးမှကြည့်နေလျက် ရှန့်ချန်ခုန်းက လက်မြှောက်၍ သူမ၏ချွေးစိုနေသောဆံခြည်မျှင်လေးကို သပ်တင်ပေးလိုက်သည်။

"ပင်ပန်းနေပြီလား"

"အင်း... ခဏလောက် အနားယူရအောင်"

ရှန့်ချန်ခုန်း ပြုံးမိသွားသည်။

"ခဏနေရင် မင်း ရေသွားချိုးသင့်တယ်"

ရွှီလျန် မျက်လုံးဖွင့်ကာ သူ့ကိုကြည့်လိုက်သည်။

"ပြီးသွားပြီလား?"

ရှန့်ချန်ခုန်းမျက်နှာထက်ကအပြုံးမှာ ပိုကျယ်ပြန့်လာကာ သူ မခံချိမခံသာဖြစ်အောင်ပြောနေစဉ် သူ၏မည်းမှောင်နေသောမျက်လုံးတွေမှာလည်း လင်းလက်တောက်ပနေလေသည်။

"မင်းမှာ ရှေ့ဆက်ဖို့ ခံနိုင်အားရှိနေသေးတာလား? လွန်ခဲ့တဲ့တစ်မိနစ်လောက်က မင်း ကိုယ့်ကို သက်ညှာဖို့တောင်းပန်နေခဲ့တာပါ၊ အခု မင်းက ထပ်လုပ်ချင်သေးတာလား"

"အာ.... ကျွန်မ ပြန်ကောင်းလာလိမ့်မယ် ကျွန်မကို အချိန်တစ်မိနစ်ပဲပေး...."

သူမနှုတ်ခမ်းတွေကိုနမ်းရှိုက်လျက် ရှန့်ချန်ခုန်း တိုးတိုးလေးကပ်ပြော၏။

"ကိုယ်တို့ တစ်နေ့လုံး ကစားထားတာလေ မင်း မပင်ပန်းဘူးလား"

အပန်းဖြေဥယျာဉ်၌ သူတို့ဒိတ်လုပ်နေချိန်အတွင်း သူတို့ပတ်ကစားနေခဲ့ပြီး လူတန်းစီရန်အတွက်လည်း အချိန်အများကြီးကုန်ဆုံးခဲ့ရသည်။ နောက်ပြီး ရွှီလျန်ကလည်း ဒေါက်မြင့်ဖိနပ် စီးထားခဲ့​ခြင်းဖြစ်သည်။ တစ်နေ့ခင်းလုံး မတ်တပ်ရပ်နေပြီးနောက် ရှန့်ချန်ခုန်းသည် သူမခြေထောက်တွေက နာကျင်နေမယ်မှန်း သဘောပေါက်သွားခဲ့သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now