Chapter-26

542 80 1
                                    



ပန်းဆိုင်မှထွက်လာပြီးနောက် သူတို့နှစ်ယောက်သည် ရွှီလျန်ဆိုင်သို့ပြန်လာခဲ့ကြ၏။ ရှန့်ချန်ခုန်းသည် ပန်းအိုးကို သူ့စကူတာထိုင်ခုံအောက်တွင်ထည့်၍ ရွှီလျန်ဘက်သို့လှည့်ကာ

"နောက်ကျနေပြီ မင်း အရင်အိမ်ပြန်သင့်တယ်"

"ကောင်းပါပြီ"

"ဂရုစိုက်မောင်း"

"အင်း ရှင်ရောပဲ"

ပြုံးလျက်ဖြင့် ရှန့်ချန်ခုန်းသည် ရွှီလျန်ကားမောင်းထွက်သွားသည်အား ကြည့်နေခဲ့၏။ ထို့နောက် သူ့စကူတာပေါ်တက်၍ သူလည်းပဲ အိမ်ပြန်မောင်းသွားတော့သည်။

နိုဝင်ဘာလဖြစ်သောကြောင့် ရာသီဥတုက ပို၍ပင်အေးလာ၏။ ရှန့်ချန်ခုန်းသည် သူ မနက်ဖြန် mask တပ်လာသင့်တယ်လို့ တွေးမိသွားသည်။

ပန်းအကြောင်းကိုတွေးရင်း အိမ်အပြန်လမ်းတစ်လျှောက်တွင် ရှန့်ချန်ခုန်းက သူ့စကူတာအား အရမ်းမြန်မြန်မမောင်းခဲ့ပေ ၊ သူအိမ်ပြန်ရောက်ချိန်၌ ရှန့်ချန်ခုန်းသည် ပန်းအိုးကို ဂရုတစိုက်ထုတ်၍ သူ့စားပွဲခုံပေါ်တွင် တင်ထားလိုက်သည်။

ဤအပင်လေးက သူ့အခန်းထဲမှာ ပထမဆုံးထားဖူးသည့်အပင်ပဲ ၊ သူက ပန်းချစ်သူတစ်ယောက်မဟုတ်သော်လည်း သူ့အမေက သူတို့အိမ်လသာဆောင်တွင် အများကြီးထားလေ့ရှိသည်။ သို့ပေမဲ့ သူမ နေမကောင်းစဖြစ်သည့်အချိန်မှစ၍ ပန်းများဟာလည်း ဂရုမစိုက်ခံရသည့်အတွက် ဖြည်းဖြည်းချင်း သေဆုံးသွားခဲ့သည်။ နောက်ပိုင်း သူတို့တွေ ဤတိုက်ခန်းသို့ ပြောင်းရွှေ့လာသည့်အချိန်တွင် မည်သူကမှ ပန်းစိုက်ပျိုးရန် မဖွင့်ဟကြတော့ ၊ ထို့ကြောင့် ဤအိမ်တွင် မည်သည့်အပင်မှမရှိချေ။

ရှန့်ချန်ခုန်းသည် ရွှီလျန် သူ့ကိုပေးသောဤလက်ဆောင်လေးက ဆောင်းရာသီကို ချော့ချော့မွေ့မွေ့ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါ၏။

နောက်တစ်နေ့မနက်တွင် ရှန့်ချန်ခုန်းသည် လက်ကမ်းစာစောင်ရှိညွှန်ကြားချက်အတိုင်းလုပ်၍ ပန်းအိုးထဲသို့ ရေနည်းနည်းလောင်းလိုက်သည်။ ထို့နောက် သူ အလုပ်မသွားခင် ၎င်းအား အိမ်တွင်းရှိအပူနွေးဆုံးနေရာ၌ ပြောင်းရွှေ့ထားခဲ့၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now