Chapter-52

402 43 0
                                    



ရှန့်ချန်ခုန်းသည် ခရစ္စမတ်နေ့တွင် အလုပ်နောက်ကျသောကြောင့် ရွှီလျန်နှင့် အချိန်မဖြုန်းနိုင်ခဲ့။ ရွှီလျန်တွင် ခရစ္စမတ်ပွဲကျင်းပသည့် အလေ့အထမရှိသောကြောင့် သူမ စိတ်မ၀င်စားပေ။ သူမအတွက်တော့ ခရစ္စမတ်တွင် ဖြစ်ပျက်နေသည့် တစ်ခုတည်းသောမှတ်သားဖွယ်အချက်မှာ သူမ၏ဆိုင်တွင် အမှာစာများ တဟုန်ထိုးတက်လာပြီး သူမ၏အလုပ်တာဝန်မှာ အလွန်အမင်း တိုးလာခြင်းဖြစ်သည်။

ရွှီလျန်က ရှန့်ချန်ခုန်းအား အိမ်ပြောင်းရွှေ့တာကို ကူညီပေးရင်း ခရစ္စမတ်အမှာစာများ ရုတ်တရက်ဝင်ရောက်လာသဖြင့် ရွှီလျန် အတော်လေး ပင်ပန်းသွားခဲ့သည်။ ရှန့်ချန်ခုန်းဟာ အလုပ်တွေရှုပ်နေတာကြောင့် စောစောအိမ်ပြန်ပြီး စောစောအိပ်လေ့ရှိ၏။

ယင်းနှင့်မတူဘဲ မြို့၏အကျော်ကြားဆုံးဘားလမ်းဖြစ်သည့် ချင်းနန်လမ်းမှာ အတက်ကြွဆုံးဖြစ်သည်။ ခရစ္စမတ်နေနေသာသာ ပုံမှန်နေ့များတွင် ညလုံးပေါက် ပျော်ပွဲရွှင်ပွဲများအတွက် နေရာတစ်ခုဖြစ်သည်။ ဒီညတော့ လူတော်တော်များများ လာလည်ကြတယ်။ ဝေ့ရိချန်က သူ့ဆိုင်တွင် အချိန်အတော်ကြာ ကူညီပေးခဲ့သော်လည်း နောက်ဆုံးတွင် သူက အားမောက်ကို ဘားကိုကြည့်ထားရန် ပြောပြီး ထွက်သွားတော့သည်။

သူ့ဘားမှထွက်လာပြီးနောက် ဝေ့ရိချန်သည် တစ်ချက်ကွေ့ပြီး ကျောက်ကျဲ၏အရက်ဆိုင်သို့ သွားခဲ့သည်။ ကျောက်ကျဲက ချင်းနန်လမ်းကြားတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဝေ့ရိချန်က ချန်လျောင်၏အရေးကိစ္စများကို မေးမြန်းချင်နေခဲ့သည်။

ကျောက်ကျဲက ဒါကို မျှော်လင့်ထားပြီးသားဖြစ်လို့ သူက ဝေ့ရိချန်ကို အရက်ဆိုင်အပြင်မှာစောင့်ဖို့ သူ့လူတွေကို အထူးစေလွှတ်လိုက်ပါသည်။ သူတို့ ဝေ့ရိချန်ချဉ်းကပ်လာသည်ကို တွေ့ပြီးနောက် ကျောက်ကျဲ၏လူများက သူ့အား အမြန်ချောပို့အထုပ်များကဲ့သို့ အခန်းထဲသို့ တိုက်ရိုက်ခေါ်သွားကြသည်။

ကျောက်ကျဲ၏လူများက အခန်းထဲတွင် ဝေ့ရိချန်နောက်သို့မလိုက်ဘဲ တံခါးအပြင်ဘက်တွင် အစောင့်အကြပ်အဖြစ် ရပ်လိုက်သည်။ သီးသန့်အခန်းထဲရှိ အခြားတစ်ဦးတည်းသောလူမှာ ဆိုဖာကြီးတစ်ခု၏အလယ်တွင် ထိုင်နေသော ကျောက်ကျဲပင်ဖြစ်၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now