Chapter-49

362 27 2
                                    



ဤနေ့လယ်စာသည် ရှန့်ချန်ခုန်း၏အိမ်တွင် ရွှီလျန်စားဖူးသမျှထဲ၌ အသက်ဝင်ဆုံးသောအစားအစာဖြစ်ကောင်းဖြစ်နိုင်သည်။ ရှန့်နွမ်က ခါတိုင်းထက် စကားပိုပြောရုံသာမက ယခင်က စကားတစ်ခွန်းမှမပြောဖူးသော ဝမ်းရှုလီပင်လျှင် စကားအနည်းငယ်ပြောလာခဲ့သည်။

အစားအသောက်က လူတိုင်းကိုကျေနပ်စေတယ် ၊ ညစာစားပြီးနောက် ရှန့်နွမ်က ပန်းကန်ဆေးရန်အတွက် မီးဖိုချောင်ထဲသို့ ဦးစွာပြေးသွားခဲ့သည်။ ဝမ်းရှုလီကမူ သူမ၏ပုံမှန်အချိန်ဇယားအတိုင်း အိပ်စက်အနားယူရန် သူမအခန်းသို့ ပြန်သွား၏။ နောက်ဆုံးတွင် ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့နှစ်ယောက်သာ ဧည့်ခန်းထဲတွင် အတူတူကျန်ရစ်ခဲ့သည်။

ရှန့်ချန်ခုန်းက လိမ္မော်သီးတစ်လုံးကိုကောက်ယူလိုက်ပြီး ရွှီလျန်အား ထပ်မံမေးလိုက်ပါ၏။

"မင်း တစ်လုံးလောက်စားချင်လား"

ရွှီလျန် သူကိုင်ထားတဲ့လိမ္မော်သီးကို ကြည့်လိုက်၏။ အဝါရောင်ရှိပြီး အတော်လေးချိုမည့်ပုံ.. ရွှီလျန်က သူ့အမေးကိုတုံ့ပြန်ရန် ရိုးရှင်းစွာ ပြုံးပြလိုက်သည်။ ရှန့်ချန်ခုန်းသည်လည်း ပြန်ပြုံးပြပြီး သူမအတွက် လိမ္မော်သီးကိုအခွံနွှာပေး၏။

ရှန့်ချန်ခုန်းက ဓားကိုင်ရာတွင် အတွေ့အကြုံများစွာရှိသောကြောင့် လိမ္မော်သီးခွံနွှာရခြင်းက သူ့အတွက် လွယ်ကူလှသည်။ လိမ္မော်ခွံက ဖြည်းဖြည်းချင်း ရှည်မျောမျောဖြစ်လာရာ တစ်ချက်တည်းဖြင့် အခွံခွါသွားခဲ့၏။ မကြာမီမှာပင် လိမ္မော်သီး၏မွှေးရနံ့က လေထဲသို့ စိမ့်ဝင်ပျံ့နှံ့လာပါသည်။

ရှန့်ချန်ခုန်း လိမ္မော်သီးနှစ်လုံးကို အခွံခွာပြီး သစ်သီးပန်းကန်တစ်ချပ်ပေါ်တွင် တင်ပြီးနောက် ပန်းကန်ပြားကို ရွှီလျန်ဆီသို့ တွန်းပေးလိုက်သည်။ ရွှီလျန် ပန်းကန်ပြားကို ကြည့်လိုက်ပြီးနောက် တစ်စိတ်ကောက်ယူလိုက်သည်။ သူမ စိတ်ကူးထားသည့်အတိုင်း ချိုမြိန်၏။ လိမ္မော်သီးစားပြီးနောက် ရွှီလျန်က သူမလက်ကို တစ်ရှူးဖြင့်သုတ်ပြီးနောက်

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now