Chapter-35

510 75 0
                                    



ပိုပြီးအဆင်ပြေစေရန်အတွက် ရွှီလျန်သည် ကျောပိုးအိတ်အကြီးတစ်လုံးထဲသို့ ဖယောင်းအရည်ပျော်မီးပြင်းဖိုအသေးလေးတစ်ခုအား အခြားပစ္စည်းကိရိယာများနှင့်အတူ အထူးတလည် ထုပ်ပိုးလိုက်သည်။ ဤသို့ဆိုလျှင် သူမက ရှန့်ချန်ခုန်းအိမ်သို့ ဒုတိယအကြိမ်သွားရောက်လည်ပတ်ရန် အဆင်သင့်ဖြစ်နေပြီ။

ယနေ့က ကြာသပတေးနေ့ ၊ ဒါကြောင့် သူမဆိုင်ပိတ်သည်။ ပုံမှန်အားဖြင့် သူမ အိမ်မှာသာနေပြီး ဖယောင်းတိုင်အချို့လုပ်မှာဖြစ်သော်လည်း ရွှီလျန်သည် ရှန့်ချန်ခုန်းအိမ်မှာလုပ်ခြင်းက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း သဘောပေါက်သွား၏။ သူမက သူမမျက်နှာကိုပြနိုင်ပြီး သူမအလုပ်ဖြစ်ပေါ်လာသည်များကိုလည်း သူမ၏အနာဂတ်ယောက္ခမလောင်းအား မြင်တွေ့ခွင့်ပေးနိုင်မည်ဖြစ်သည်။

ယနေ့တွင် ရှန့်ချန်ခုန်းက မနက်ဆိုင်းဖြစ်သဖြင့် ရွှီလျန်က သူ့ကို သူမရောက်လာသည်အား စောင့်နေရန် မမေးတော့ဘဲ သူ သူမကိုပေးထားသောသော့ဖြင့် အိမ်ထဲဝင်သွား၏။

ဒီနေ့ ဝမ်းရှုလီက မတူညီသောအဝတ်အစားကိုဝတ်ဆင်ထားသည့်တိုင် သူမက အရင်တစ်ခေါက်က ထိုင်နေခဲ့သည့်နေရာမှာပဲ ထိုင်နေလေသည်။ သူမက ရွှီလျန်ရောက်လာမည့်အကြောင်း သိထားသောပုံပင် ၊ ရွှီလျန်က သူမ၏ကျောပိုးအိတ်ကြီးဖြင့် ဝင်လာချိန်တွင် ဝမ်းရှုလီက ခေါင်းမော့ကြည့်လာသော်လည်း သူမမျက်နှာအမူအရာမှာ ဘာမှပြောင်းလဲသွားခြင်းမရှိခဲ့။

ရွှီလျန် သူမကျောပိုးအိတ်ကို ဆိုဖာပေါ်တွင်တင်ပြီး ပြုံးပြလာကာ

"မင်္ဂလာပါ အန်တီ ကျွန်မထပ်ရောက်လာတယ်"

ဝမ်းရှုလီကမူ ရွှီလျန်ယူလာသောအမည်းရောင်ကျောပိုးအိတ်ကိုကြည့်နေ၏။ သူမက စိတ်ဝင်စားနေသည့်ပုံရပေမဲ့လည်း အဆုံးမှာတော့ သူမ မမေးလာခဲ့ချေ ၊ ဝမ်းရှုလီက ဇာမချဲ့ဘဲ သူမခေါင်းငုံ့သွားပြီး သူမလက်ထဲရှိစာအုပ်ကို ဖွင့်လိုက်သည်။

ရွှီလျန် ဝင်လာသည့်အချိန်တုန်းက ဝမ်းရှုလီကိုင်ထားသောစာအုပ်အား အတိအလင်း စိုက်ကြည့်ပြီးသား ၊ ယင်းက အရင်တစ်ခေါက်ကနဲ့ မတူတဲ့စာအုပ်တစ်အုပ်။ ၎င်းစာအုပ်က ရှင်းရှင်းရဲ့နောက်ဆုံးထွက်စာအုပ်ဖြစ်ကာ ခေါင်းစဉ်မှာ 'Secret' ဖြစ်သည်။ ရွှီလျန်က အရင်တစ်ခေါက်ကထိုင်ခဲ့တဲ့နေရာမှာပဲ ဝင်ထိုင်ကာ စကားဆိုလာ၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now