Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )

387 41 1
                                    



ရှန်လင်က ရှန့်နွမ်ကို မမြင်ဘဲ ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် မိန်းမလှလေးနှင့်အတူ ထိုင်နေလေသည်။ ရှန့်နွမ် မီနူးစာအုပ်မှတစ်ဆင့် လှမ်းကြည့်ပြီး ပြုံးလိုက်သည်။

"ကြိုဆိုပါတယ် ဘာလုပ်ပေးရမလဲရှင့်"

မိန်းကလေးက သိပ်သတိမထားမိဘဲ မီနူးကို တစ်ချက်ကြည့်ဖို့ လက်ခံလိုက်၏။ သို့သော် ရှန်လင်က ခေါင်းမော့ပြီး သူမကို မြင်သောအခါ အံ့အားသင့်သွားသည်။

ယူနီဖောင်းဝတ်ထားသည့် ရှန့်နွမ်က သူ့စားပွဲဘေးတွင် ရပ်ကာ ပြုံးလျက် သူ့ကိုကြည့်နေသည်။ ရှန်လင် ရုတ်တရက် သူ့လည်ချောင်းထဲ ကြို့ထိုးလာရသလိုလို ၊ သူ ကြို့ထိုးချင်စိတ်ကို စွမ်းစွမ်းတမံ ထိန်းချုပ်ပြီး မတ်တပ်ထရပ်ရင်း မေးလိုက်၏။

"ရှန့်နွမ်? မင်း ဘာလို့ ဒီမှာရှိနေတာလဲ"

ရှန့်နွမ် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဆက်လက်၍ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူခဲ့သည်။ သူမ ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေ၏။

"ငါ ဒီမှာ နွေရာသီအတွက် အလုပ်လုပ်နေတာ"

ရှန်လင်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသော မိန်းကလေးက နောက်ဆုံးတွင် မော့ကြည့်လာကာ မေး၏။

"မင်းတို့ အချင်းချင်း သိကြတာလား"

"အင်း ဟုတ်တယ် ကျွန်တော့်ရဲ့အတန်းဖော်"

"အိုး....."

ကောင်မလေးက ရှန့်နွမ်ကို တစ်ချက်ကြည့်လိုက်ပြီး မီနူးကို ပြန်ပေး၏။

"Americano တစ်ခွက်ပေးပါ ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့ပါ"

ရှန့်နွမ်က ရှန်လင်ဘက်သို့ လှည့်လိုက်သည်။

"ဒီလူကြီးမင်းကရော ဘာမှာမလဲရှင့်"

"ငါ့ကိုလဲ အတူတူပဲပေးပါ"

"ကောင်းပါပြီ Americano နှစ်ခွက် ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါ"

ရှန့်နွမ်က မီနူးများကို ပြန်ယူပြီးနောက် လှည့်ထွက်သွားသည်။ သူမ ထွက်သွားချိန်မှာတော့ မိန်းမလှလေးက တံတောင်ဆစ်ကို စားပွဲပေါ်တင်ပြီး မေးစေ့ကို လက်ဖြင့်ထောက်ထား၏။ သူမ ရှန်လင်ကို မေးသည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now