Chapter-31

555 88 2
                                    


ရှန့်ချန်ခုန်း၏ဖိတ်ကြားချက်က နည်းနည်းရုတ်တရက်ဆန်သော်လည်း ရွှီလျန် မအံ့ဩပေ။ ရှန့်ချန်ခုန်းက ရွှီလျန်အမေကို တွေ့ပြီးသွားပြီ ၊ ထို့ကြောင့် သူမကလည်း သူ့မိဘတွေဆီ သွားလည်ခြင်းက အကျိုးအကြောင်းသင့်သည်။

အရင်က ရွှီလျန် ရှန့်ချန်ခုန်းအိမ်သို့ သွားရောက်သည့်အချိန်က သူ့မိသားစုအခြေအနေက နည်းနည်းရှုပ်ထွေးကြောင်း ရွှီလျန် သဘောပေါက်ပြီးသားဖြစ်သည်။ ထို့ကြောင့် ရွှီလျန်က သူ့အိမ်ကိုသွားရန် ရှန့်ချန်ခုန်းအား လုံးဝမမေးမြန်းခဲ့ဖူးဘူး။ သို့သော် ယခုအချိန်တွင် သူက သူမအား အလည်လာရန် မေးလာခဲ့ပြီဖြစ်ကာ ဆိုလိုသည်မှာ အခု သူ အဆင်သင့်ဖြစ်နေပြီဟုပင် ၊ ဟုတ်တယ်မလား?

ရွှီလျန် : [ ကျွန်မကိုယ်တိုင်ကဘော့စ်ပဲလေ အမြဲတမ်းအားတယ် ]

သူမ အဖြေကိုကြည့်ရင်း ရှန့်ချန်ခုန်း မရယ်ဘဲမနေနိုင်တော့။

ရှန့်ချန်ခုန်း : [ ကောင်းပြီ စနေနေ့ နေ့လည်ပိုင်းပဲလုပ်လိုက်၊ ကိုယ် မင်းကိုလာကြိုရမလား ဒါမှမဟုတ် မင်းဘာသာမင်း လာချင်လား ]

ရွှီလျန် : [ ကျွန်မဘာသာပဲ လာခဲ့မယ် ]

ရှန့်ချန်ခုန်း : [ ကောင်းပါပြီ ဒါဆို ကိုယ် အိမ်မှာနေပြီး နေ့လယ်စာပြင်ထားလိုက်မယ် မင်းဘာစားချင်လဲ ]

ရွှီလျန် : [ ဘာပဲဖြစ်ဖြစ်ရတယ် ပိုအရေးကြီးတာက ကျွန်မ ဘာယူလာရမလဲ ရှင့်အမေကဘာတွေကြိုက်တက်လဲ ]

၎င်းက ရှန့်ချန်ခုန်းမျက်ဝန်းတွေကို တဒင်္ဂလောက် မှုန်ဝါးသွားစေခဲ့သည်။ သူ့အမေအတိုင်းဆို သူမကိုလက်ဆောင်ပေးခြင်းက သူမကိုဘာမှမပေးခြင်းနဲ့ အတူတူပဲ။

ရှန့်ချန်ခုန်း : [ ကိုယ့်အမေက..... သူမအကြောင်း မင်းကိုပြောဖို့အတွက် ကိုယ် အခွင့်အရေးရှာထားလိုက်မယ် ]

ရွှီလျန် : [ ကျွန်မသိပြီ အရင်တစ်ခေါက် ကျွန်မ ရှင့်အိမ်ကိုလာတုန်းက သူမနေမကောင်းဘူးလို့ ကျွန်မကိုပြောခဲ့တယ်နော် ]

ရှန့်ချန်ခုန်း : [ အင်း မင်း ဘာမှယူလာစရာမလိုပါဘူး မင်း သူမနဲ့တွေ့ပြီးသွားရင် ကိုယ်ရှင်းပြမယ် ]

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now