Chapter-43

521 72 1
                                    



ပန်းခြံငယ်ထဲ၌ ဝမ်းရှုလီက အိမ်သို့ ရှန့်ချန်ခုန်းအနောက်မှ တိတ်တဆိတ် ပြန်လိုက်လာခဲ့သည်။ သူမက ကောင်းကင်ပေါ်တွင် တဝီဝီပျံသန်းနေသော ကောင်ငယ်လေး၏လေယာဉ်ကို နောက်ဆုံးတစ်ချက်စိုက်ကြည့်လိုက်ပါ၏။

ထိုစဉ် အထိတ်တလန့်ဖြစ်နေသောရှန့်နွမ်မှာ သူတို့အိမ်ရှေ့တံခါးဖွင့်သံကို ကြားလိုက်ရသည်။ သူမ တံခါးနားသို့ အပြေးအလွှားသွားချိန်တွင် သူတို့အမေနှင့်ရှန့်ချန်ခုန်းကို မြင်လိုက်ရ၏။ စိတ်သက်သာရသွားသဖြင့် သက်ပြင်းချလျက်

"အမေ ဘယ်တွေသွားနေတာလဲ? သမီး သေလောက်အောင်ကြောက်နေခဲ့တာ"

ဝမ်းရှုလီ ပြန်မဖြေဘဲ သူမအခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေသည်။ ရှန့်ချန်ခုန်း အော်ပြောလိုက်၏။

"အမေ နေ့လယ်စာစားချင်လား"

ရှန့်နွမ် ခေါင်းညိတ်၍

"ဟုတ်တယ် အမေစားသင့်တယ် သမီး အစားအသောက်တွေပြန်နွှေးလိုက်မယ်"

ရှန့်နွမ် အစားအသောက်တွေယူရန် မီးဖိုချောင်ထဲသို့သွားလိုက်ပေမဲ့ ဝမ်းရှုလီသည်ကား ထမင်းစားရန် ရည်ရွယ်ချက်မရှိ။ ဝမ်းရှုလီ သူမအိပ်ရာကို တန်းတန်းသွား၍ လှဲချလိုက်ကာ သူမနောက်ကျောမှာ ရှန့်ချန်ခုန်းကို မျက်နှာမူထားခဲ့သည်။

ရှန့်ချန်ခုန်း ထပ်၍ခေါ်လာပြန်၏။

"အမေ"

ဝမ်းရှုလီမှာ လှုပ်ရှားမှုမရှိ။

ရှန့်ချန်ခုန်း မျက်မှောင်ကြုတ်မိ၏။ ဤသို့ပြောနေစဉ် မီးအိမ်ဘေးနားရှိဖုန်းကို မတော်တဆ သတိထားမိသွားသည်။

ရုတ်တရက် အူထဲအသည်းထဲ၌ ဆိုးရွားလှသောကြောက်ရွံ့စိတ်ကိုခံစားလာရပြီး ရှန့်ချန်ခုန်းလက်ဖဝါးတွင် ချွေးပြန်လာရ၏။

ဝမ်းရှုလီအနေဖြင့် သူမဖုန်းကို အသုံးမပြုခဲ့သည်မှာ အတော်ကြာနေလေပြီ။ သို့သော် ယနေ့တွင် သူမက ရုတ်တရက် ဖွင့်ကြည့်ပြီး အိမ်မှပြေးထွက်သွားခဲ့သည်။ သူမအပြုအမူတွေက ရိုးရိုးမတော်တဆတစ်ခု မဟုတ်သည့်ပုံပဲ။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now