Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )

468 50 2
                                    



ရွှီလျန်နှင့်အတူ ခုန်ချခဲ့တဲ့ အမျိုးသမီးနည်းပြဟာ တကယ်ကို အတွေ့အကြုံရှိသည်။ သူမတို့ မြေပြင်ပေါ်သို့ ချောချောမွေ့မွေ့ ဆင်းသက်လာသောအခါတွင် ရှန့်ချန်ခုန်းက ၎င်းတို့နှင့်မဝေးလှသော နေရာသို့ ဆင်းသက်လာခဲ့၏။

ရွှီလျန်ကို ခွဲထုတ်ပြီးနောက် နည်းပြဆရာက သူတို့စုံတွဲအား ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ရှန့်ချန်ခုန်း ပြုံးလျက် ရွှီလျန်ဆီသို့ လျှောက်သွားသည်။

"ဘယ်လိုခံစားရလဲ"

ခဏစဉ်းစားပြီးနောက် ရွှီလျန် ပြန်ဖြေသည်။

"ကြည်နူးစရာကောင်းတယ် ရှင့်ရဲ့လေစတန့်က နည်းနည်းတော့ မိုက်မဲရာကျတယ်"

ရှန့်ချန်ခုန်း ရယ်မောလိုက်သည်။

"မိုက်မဲတဲ့ပုံပေါ်လဲ အရေးမကြီးပါဘူး.. ကိုယ့်ရဲ့ရည်ရွယ်ချက်တွေက မင်းရဲ့နှလုံးသားထဲကို ရောက်သရွေ့တော့ ထိုက်တန်တယ်"

ရွှီလျန်က သူတို့ လေထဲတွင်ရှိနေစဉ် အသည်းပုံအမှတ်အသားကို ပြုလုပ်ထားခြင်းကြောင့် ရှန့်ချန်ခုန်းဟာ သူ၏လက်ထပ်ခွင့်တောင်းခြင်းက ရွှီလျန်ကို အောင်အောင်မြင်မြင် ရင်ထဲရောက်သွားကြောင်း ခံစားခဲ့ရသည်။

ရွှီလျန် : "........"

လွန်ခဲ့သည့်နှစ်အနည်းငယ်က သူ၏နိုင်ငံရပ်ခြားတွင် သုံးနှစ်ကြာနေထိုင်ခြင်းနှင့်အတူ ရှန့်ချန်ခုန်း၏ကိုယ်ရည်ကိုယ်သွေးကိုပါ ပိုမိုတက်ကြွလာစေခဲ့သည်။ သူ့အဖေဖြစ်သူ ကွယ်လွန်ပြီးကတည်းက သူ့နှလုံးသားကို လေးလံစေခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးကို နောက်ဆုံးတော့ သူ လွှတ်ချနိုင်ခဲ့ပြီ။

ကျန်းကော်အာသည် ရှန့်ချန်ခုန်း၏မျက်ဝန်းများရှိ 'များစွာသောလွမ်းဆွေးခြင်း' အကြောင်း ပြောဖူးသော်လည်း ယခုအချိန်တွင် သူ့အကြည့်ထဲ၌ လေးလံခြင်းတို့ မရှိတော့။ အဲဒီအစား ရွှီလျန်မြင်နိုင်သမျှ အရာအားလုံးကတော့ အဆုံးမရှိ တောက်ပနေတဲ့ ကောင်းကင်ကြီးပါပဲ။

ရိုးရိုးသားသားပြောရရင် ရွှီလျန်ကို ပထမဆုံးဆွဲဆောင်ခဲ့တဲ့ ယခင်ရှန့်ချန်ခုန်းနှင့်စာရင် ယခုရှန့်ချန်ခုန်းရဲ့ ဒီလိုအပြုအမူမျိုးကို သူမ မြင်ရတာ ပိုပြီးသဘောကျတယ်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now