Chapter-4

716 83 1
                                    


PUMPKIN ဖျော်ဖြေပွဲနေ့တွင် ပွဲနှင့်ပတ်သတ်သည့် Weibo ပို့စ်နှစ်ခုတက်လာ၏။ ဖျော်ဖြေပွဲကမစတင်သေးသော်လည်း ရှာဖွေမှုအများဆုံးခေါင်းစဉ်တစ်ခုဖြစ်နေလေပြီ။

ရွှီလျန်က Weibo ကသတင်းတွေကို နေ့တိုင်းပုံမှန်စစ်လေ့ရှိသည်။ ဒီနေ့ သူမ Weibo ဟာထောင်ပေါင်းများစွာသောအသိပေးချက်တွေဖြင့် စည်းကားနေသည်ကိုမြင်လိုက်ရ၏။

အသိပေးချက်တွေကိုစစ်ဆေးပြီးနောက် သူမက နောက်ထပ်စာမျက်နှာတစ်ခုကိုကြည့်လိုက်တော့ လူအများစုက သူတို့တွေကဒီနေ့ညဖျော်ဖြေပွဲသွားမယ်လို့ပြောနေကြသည်ကို တွေ့ရ၏။ သူမဖုန်းဘေးနားကိုခေါက်နေရင်း ဒီည သူမဝေ့ရိချန်နှင့်အတူ ဖျော်ဖြေပွဲကိုသွားသင့်လား...

"ဘော့စ် ဆယ့်တစ်နာရီရှိနေပြီ နေ့လည်စာမှာဖို့အချိန်ရောက်ပြီ!"

ကျန်းကော်အာက အပေါ်ထပ်ကိုပြေးတက်လာပြီး သူမအလုပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ ရွှီလျန်က သူမကိုဖျက်ခနဲကြည့်ရင်းဆို၏။

"အစားအသောက်နဲ့ပတ်သတ်လာရင်တော့ မင်းကတကယ်တက်ကြွတာပဲ"

"ဒါပေါ့ အစားအသောက်နဲ့ပတ်သတ်လို့မတက်ကြွဘူးဆိုရင် ဘယ်အရာတွေမှာတက်ကြွဖို့ ဘော့စ်ကမျှော်လင့်နေတာလဲ"

သူမစကားလုံးတွေက အကျိုးအကြောင်းသင့်တယ်လို့ ရွှီလျန်ထင်၏။ ထို့နောက် သူမက Takeaway App ကိုဖွင့်လျက်..

"မင်းဘာစားချင်လဲ"

ကျန်းကော်အာက သူမနားကပ်လာပြီး သူမဖုန်းထဲကပုံတွေကိုကြည့်ကာ

"ဒါက ဝူးလုံစားသောက်ဆိုင်ကအသစ်ဖြန့်ဖြူးထားတဲ့ဟင်းပွဲအသစ်နဲ့တူတယ် ဒီထမင်းကြော်ကစားကောင်းမယ့်ပုံပဲ"

"ဒါဆို ထမင်းကြော်နော်"

"အင်း ဘော့စ်ကရော"

"ငါက..."

ရွှီလျန်စဉ်းစားနေပြီး နောက်ဆုံး ကြက်ခြေထောက်setကိုရွေးလိုက်၏။

"....."

ကျန်းကော်အာ သူမကိုခဏလောက်ကြည့်နေပြီးနောက် အောက်ထပ်ဆင်း၍ သူမမှတ်စုစာအုပ်လေးထဲတွင် 'ဘော့စ်ထံမှမမျှော်လင့်ထားသည့်သစ္စာစောင့်သိခြင်း' ဟူ၍ရေးမှတ်ထားလိုက်၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now