Chapter-54

374 50 1
                                    



ရှန့်ချန်ခုန်း ဝေ့ရိချန်ဘက်သို့ ခေါင်းညိတ်ပြပြီး ရယ်မောလိုက်သည်။

"ငါ့တစ်သက်လုံးမှာ တတိယမြောက်ဖြစ်လာမဲ့ရန်ပွဲက မင်းကြောင့်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

ချန်လျောင်မှာ နောက်လိုက်တွေ အများကြီးရှိပြီး အမှန်အတိုင်းပြောရရင် ရှန့်ချန်ခုန်းက ရန်ပွဲမှာ ပါဝင်ခဲ့မယ်ဆိုရင် သိပ်တော့ကွာခြားမှာ မဟုတ်ဘူး။ ဝေ့ရိချန်က ရန်ဖြစ်ရာတွင် ကျွမ်းကျင်သော်လည်း သူက မည်မျှပင်ကျွမ်းကျင်သည်ဖြစ်စေ လက်သီးနှစ်ချက်က လက်လေးဖက်ကို အနိုင်ယူရန်မှာ အခက်တွေ့စေသည်။

ရှန့်ချန်ခုန်းတွင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ခံနိုင်ရည်အားကောင်းမွန်သော်လည်း ရန်ပွဲအတွေ့အကြုံမရှိပေ။ ရန်ပွဲနှင့်ပတ်သတ်လာလျှင် ဝေ့ရိချန်၏ခံယူချက်မှာ 'အလေ့အကျင့်သည် ပြီးပြည့်စုံစေသည်' ဟူ၍။

အရေးနိမ့်ဟန်ရှိသောနှစ်ယောက်က တော်တော် ဒုက္ခရောက်နေ၏။ ချန်လျောင်က ဘေးမှာရပ်ပြီး ပွဲကို ငေးကြည့်နေပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လက်ကို ဘယ်တော့မှ မမြှောက်ဘူး။

သူ့မေးစေ့ကိုထိုးနှက်ပြီးနောက် ဝေ့ရိချန်က ဒေါသတကြီးဖြင့် လက်ရောက်ကျူးလွန်သူကို ဗိုက်ကို ကန်ထုတ်လိုက်သည်။ ဤလူက ထိုအချိန်က သူ့လက်မောင်းကို ဓားဖြင့်ထိုးခဲ့သူဖြစ်ကြောင်း သတိရမိသွား၏။

ဤအတိတ်အာဃာတကို သူ၏လက်ရှိမုန်းတီးမှုထဲသို့ ထပ်လောင်းထည့်လိုက်ခြင်းဖြင့် ဝေ့ရိချန်၏မျက်လုံးများ နီရဲလာလေသည်။ အခြားရန်သူက ဝေ့ရိချန်ကို သေမင်းလက်ထဲသို့ ထည့်ပေးရန် ကြိုးစားသော်လည်း ဝေ့ရိချန်က လှည့်၍ လွတ်မြောက်သွားသည်။

ဝေ့ရိချန်ရဲ့အကန်ခံလိုက်ရသောလူရမ်းကားကလည်း သူ့ကို ဒေါသဖြစ်သွား၏။ သူက ဝေ့ရိချန်ဆီသို့ အပြေးအလွှားသွားကာ သူ့အိတ်ကပ်ထဲမှ အကျွမ်းတဝင်ရှိနေသော အရာဝတ္ထုတစ်ခုကို ဆွဲထုတ်လိုက်ရာ - ဓားတစ်ချောင်းဖြစ်နေသည်။

ရှန့်ချန်ခုန်းက သူ့ဘေးနားကလူနှစ်ယောက်ကို ရိုက်နှက်ပြီး လှည့်ကြည့်လိုက်တော့ ဝေ့ရိချန်ရဲ့နောက်ကျောကို ဓားနဲ့ထိုးတဲ့လူကို အချိန်မီတွေ့လိုက်ရသည်။ ရှန့်ချန်ခုန်း၏မျက်လုံးများ ကျဉ်းမြောင်းလာပြီး ဝေ့ရိချန်ကို အော်သံတစ်ခုနှင့်အတူ သတိပေးလိုက်၏။

Slowly Falling For Changkong ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora