Chapter-8

570 89 3
                                    


ရွှီလျန်က ရှန့်ချန်ခုန်းအတွက် လက်ဆောင်ကိုကူထုပ်ပေးနေသည့်အချိန် သူက သူမ၏လက်တွေကိုမကြည့်ဘဲမနေနိုင်တော့ ၊ ရွှီလျန်၏လက်တွေက မည်သည့်အပြစ်အနာအဆာမှမရှိဘဲ ဖြူဖွေးသွယ်လျနေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလက်လေးတွေဟာ မည်သည့်အလုပ်ကြမ်းကိုမှ လုံးဝမတွေ့ကြုံဖူးဘူးဆိုတာပြောနိုင်၏။ သူ သူမကို အစားအသောက်လာပို့သည့်အကြိမ်တော်တော်များကို တွေးကြည့်လိုက်လျှင် သူမကအလိုလိုက်ခံထားရသည့်ဘဝမှာနေထိုင်ကြောင်း ရှန့်ချန်ခုန်းခန့်မှန်းနိုင်လေသည်။

သို့ပေမဲ့ သိမ်မွေ့လှပပြီး အနုစိတ်သောလက်ရာတွေအများကြီးကို ဒီလက်လေးတွေကပဲဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ရှန့်ချန်ခုန်း၏အကြည့်သည် ရေမွှေးဖယောင်းတိုင်မျိုးစုံကို တင်ထားသည့်စင်များဆီသို့ရွေ့လျားသွားကာ ပြသထားသည့်စင်ဘေးရှိ ဖယောင်းတိုင်တစ်တိုင်က သူ့အာရုံကိုဖမ်းစားသွားလေသည်။

ကောင်းကင်ပြာနှင့်တိမ်ဖြူလေးများပါရှိသော ပန်းသီးတစ်လုံးအရွယ် လုံးပတ်ဖယောင်းတိုင်ဖြစ်သည်။ ရှန့်ချန်ခုန်းသည် ဤဖယောင်းတိုင်၏ဒီဇိုင်းပုံစံများကို မည်သို့ပြုလုပ်ထားသည်ကို မသိသော်လည်း အပြာနုရောင်နှင့်တိမ်မျှင်တိမ်စများက ကျယ်ပြောလှသည့်ဟင်းလင်းပြင်ကောင်းကင်ကြီးကို တွေးတောစေခဲ့သည်။

ရွှီလျန်သည် သူ ၎င်းဖယောင်းတိုင်ကိုကြည့်နေကြောင်း သတိပြုမိသွား၏။ သူမက စင်နားလျှောက်သွားကာ ဖယောင်းတိုင်တစ်တိုင်ကိုယူလိုက်ရင်း

"ဒီ,ဒီဇိုင်းပုံစံက ကျွန်မ ခုတလောသင်ယူထားခဲ့တဲ့စတိုင်အသစ်တစ်မျိုးလေ...အခုလောလောဆယ်တော့ တစ်ခုပဲလုပ်လို့ပြီးသေးတယ် ဒါပေမဲ့ ဒီပုံစံလေးထွက်လာတာကိုတော့ ကျွန်မအရမ်းကျေနပ်တယ်၊ ကျွန်မ ဒါလေးကို'​ကောင်းကင်ကြီးကိုချစ်မြတ်နိုးခြင်း'လို့နာမည်ပေးထားတယ်"

( T/N : 'Loving the Sky' လို့နာမည်ပေးထားတာ တရုတ်လိုအသံထွက်ဆို Lian Kong( 恋空 )တဲ့ ရွှီလျန်နာမည်က'လျန်' ၊ ရှန့်ချန်ခုန်းနာမည်က'ခုန်း' ။ ကျယ်ကျဲကအရမ်းတွေရိုမန့်တစ်ဆန်နေတာ )

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now