Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )

410 45 4
                                    



ထိုနွေရာသီ၏အပူဆုံးနေ့တွင် ပုံမှန် A တက္ကသိုလ်၏အင်္ဂလိပ်စာဌာနသို့ သူမ၏လက်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှန်လင်က မြို့တော်၏ထိပ်တန်းတက္ကသိုလ်သို့ ဆေးပညာအဓိကဖြင့် အောင်မြင်စွာ တက်ရောက်ခဲ့သည်။

တက္ကသိုလ်နှစ်ခုသည် ခရိုင်တစ်ခုတည်းတွင် တည်ရှိသောကြောင့် သူတို့နှစ်ယောက်ဟာ နီးသည်လည်းမဟုတ် ဝေးသည်လည်းမဟုတ်။

ပထမနှစ်ကျောင်းသားတိုင်း ပထမဆုံးလုပ်တာကတော့ သဘာဝအတိုင်း စစ်ရေးလေ့ကျင့်မှုပါ။ ရှန့်နွမ်က သူမ၏လေ့ကျင့်ရေးယူနီဖောင်းကို ၀တ်ဆင်ထားပြီး အင်္ဂလိပ်စာဌာနရှိ အခြားကျောင်းသားများနှင့်အတူ စောစောထကာ အိပ်ဆောင်သို့ ပြန်ရောက်သည်မှာ အတော်လေး နောက်ကျခဲ့သည်။

သူမ၏စစ်ရေးလေ့ကျင့်မှုကြား ခေတ္တနားချိန်တွင် ကျောင်းသားကလပ်များနှင့် အသင်းအဖွဲ့အချို့သည် ကျောင်းသားလူငယ်များအား ၎င်းတို့၏အဖွဲ့များကို လူသိရှင်ကြား အသိပေးရန် လာရောက်ခဲ့ကြသည်။ ထိုအချိန်မှပင် ရှန့်နွမ်မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်လို ခံစားရတော့၏။

အမျိုးသားနေ့ အားလပ်ရက်မတိုင်မီ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့သည်။ ရှန့်နွမ် ဒီအခွင့်ကောင်းကိုယူပြီး အိမ်ပြန်လိုက်ချိန်မှာတော့ သူမဟာ နေရောင်ခံရ၍ လုံးလုံးလျားလျား အသားညိုနေလေပြီ။

ရှန့်ချန်ခုန်း အော်ဒါတွေလိုက်ပို့ချိန်တွင် ကျန်းကော်အာက ရှန့်ချန်ခုန်းကို မည်သည့် sunscreen သုံးကြောင်း မေးသည်ကို ရွှီလျန် မှတ်မိနေတုန်းပါပဲ။ အဲ့ဒီအချိန်တုန်းက ရှန့်ချန်ခုန်းဟာ သူ့မိသားစုမှာ မျိုးရိုးဗီဇကောင်းတွေရှိပြီး သဘာဝအတိုင်း ဖြူတဲ့အသားအရည်ရှိကြောင်း ပြန်ဖြေခဲ့သည်။

ယခု သူမ နေလောင်ထားသော ရှန့်နွမ်နှင့်တွေ့လိုက်ရချိန်တွင် ရွှီလျန်သည် ရှန့်ချန်ခုန်း၏မျိုးရိုးဗီဇဟာ အမျိုးသားမိသားစုဝင်များအပေါ် အနည်းငယ် ဘက်လိုက်နိုင်သည်ဟု ခံစားမိသည်။

ရှန့်နွမ်ကိုယ်တိုင်ကတော့ သိပ်ဂရုမစိုက်ဘူး ၊ နောက်ဆုံးတော့ သူမဌာနမှာရှိတဲ့ တခြားလူတွေအားလုံးကလည်း ဒီလိုမျိုး အသားရောင်ညိုပြီး အသားအရောင်ပြောင်းတဲ့လူတွေလည်း ရှိ၏။ သူတို့နှင့်နှိုင်းယှဉ်ပါက သူမက သူမကိုယ်သူမ အတော်လေး ကောင်းမွန်သည်ဟု ယူဆနိုင်သည်။ ရွှီလျန်ထံမှ အသားဖြူ masks အနည်းငယ်ကို တောင်းယူခဲ့ပြီး ထိုညကပင် ၎င်းတို့ကို စတင်အသုံးပြုခဲ့ပါသေးသည်။

စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှု ဟုတ်မဟုတ် မသိရသေးသော်လည်း mask ကိုအသုံးပြုပြီးနောက် ရှန့်နွမ်၏အသားအရေဟာ အနည်းငယ် တောက်ပလာသလို ခံစားရသည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now