Chapter-55

403 46 3
                                    



ရှန့်ချန်ခုန်း အိပ်ပျော်သွားပြီးနောက် ရွှီလျန် အခန်းထဲမှ ထွက်လာခဲ့သည်။ စင်္ကြံမှာ ဝေ့ရိချန်ရဲ့အမေက ဝမ်းရှုလီကို တောင်းပန်နေတုန်းပါပဲ ၊ ရွှီလျန် ထွက်လာပြီးနောက် ဝမ်းရှုလီက သူမထံသွားပြီး မေး၏။

"သူ ဘယ်လိုနေလဲ"

"သူ အခု အိပ်ပျော်နေပါပြီ အန်တီဝမ်း.. ကျွန်မ ဆေးရုံမှာ စောင့်နေလိုက်မယ် အန်တီ အရင်ပြန်သွားသင့်တယ်"

တစ်ချိန်လုံးတိတ်ဆိတ်နေပြီး ဘေးနားတွင်ရပ်နေသော ဝေ့ရိချန်က စကားပြန်ပြောသည်။

"အမေ အမေလဲပြန်သွားသင့်တယ် ကျွန်တော် ဒီမှာနေလိုက်မယ်"

ဝေ့ရိချန်ရဲ့အမေက သူ့ကိုကြည့်ပြီးတော့ ဝမ်းရှုလီဘက်သို့ လှည့်လိုက်သည်။

"ကျွန်မတို့ အရင်ပြန်ကြမလား လူငယ်တွေကိုပဲ ဆက်စောင့်ခိုင်းလိုက်မယ်လေ"

ဝမ်းရှုလီ ခဏမျှ စဉ်းစားလိုက်သည်။ ရှန့်ချန်ခုန်းက လုံခြုံပြီး အန္တရာယ်မရှိဟု ခံစားရသဖြင့် သူမက ခေါင်းညိတ်ရင်း ပြော၏။

"ကောင်းပါပြီ"

ဝေ့ရိချန်၏အမေမှာ စိတ်သက်သာရာရသွားသည်။ သူမက ဝမ်းရှုလီကို ကူညီရင်း မေး၏။

"ရှင် ဘယ်မှာနေတာလဲ ကျွန်မ ရှင့်ကို ပြန်လိုက်ပို့ပေးမယ်"

အမေဖြစ်သူနှစ်ယောက်က ဖြည်းညှင်းစွာ ထွက်ခွာသွားကြသည်။ ရွှီလျန်က နံရံကိုမှီ၍ ဝေ့ရိချန်ကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်က အပြာရောင်နဲ့ခရမ်းရောင်ဖြစ်နေတာကို သူမ သတိထားမိတယ်။

ဝေ့ရိချန်က ပြုံးရင်းဖြင့်

"မင်း ငါ့ကို ရိုက်ချင်တာဖြစ်ဖြစ် အော်ချင်တာဖြစ်ဖြစ် ငါ ဘာမှပြန်မလုပ်ဘူးလို့ ကတိပေးတယ်"

ရွှီလျန်က သူ့ကို ခဏလောက် စိုက်ကြည့်ပြီး ရှန့်ချန်ခုန်းရဲ့အခန်းတံခါးကို ခေါင်းလှည့်ကြည့်လိုက်၏။

"ငါတို့အထက်တန်းကျောင်းတက်တုန်းက နင် ကလေးတွေကို ရိုက်နှက်ဆုံးမလို့ သူတို့တွေ ဆေးရုံတက်လိုက်ရတယ်.. အဲ့ဒီအချိန်က နင့်အမေလဲ ဒီလိုပဲလုပ်တယ် ဆေးရုံကိုသွားပြီး မိဘတွေကို တောင်းပန်တယ်"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now