Chapter-18.1

751 110 12
                                    


"အခု ရှင်အလုပ်ဆင်းပြီ"

ရွှီလျန်က ဖုန်းမျက်နှာပြင်အား ရှန့်ချန်ခုန်းကိုပြရင်းပြောလေသည်။

ရွှီလျန်၏ဖုန်းမျက်နှာပြင်၌ 00:00 ဟူသောအဖြူရောင်နံပါတ်ကြီးတွေကိုမြင်သည့်အခါ ရှန့်ချန်ခုန်းသည် ခဏတာမျှပြောစရာစကားကင်းမဲ့သွားခဲ့၏။ ယခုလိုညသန်းခေါင်မှာ နေနေသာသာ နေ့ခင်းဘက်အချိန်မှာတောင် မိန်းမငယ်လေးတစ်ယောက်၏အိမ်ထဲသို့ဝင်ရန်ပင် သူ့အတွက်မသင့်တော်..

ရှန့်ချန်ခုန်း ပြန်ဖြေရန် စကားလုံးရှာမရဖြစ်နေသည်ကိုမြင်တော့ ရွှီလျန်မေးလိုက်၏။

"ဒါမှမဟုတ် ရှင့်မှာတခြားပို့စရာတွေများရှိသေးလို့လား"

"မရှိပါဘူး မရှိပါဘူး"

"ဒါဆို အထဲဝင်ပြီးလာထိုင်လေ... ကျွန်မကအကင်တွေအများကြီးမှာထားတာ ဒါတွေအကုန်လုံးကိုကျွန်မတစ်ယောက်တည်းစားနိုင်မယ်လို့မထင်ဘူး"

"ဒါ....ဒါကသိပ်မကောင်းလောက်ဘူး......"

"ဘာဖြစ်လို့လဲ?"

ရွှီလျန်မျက်ဝန်းတွေကကြည်လင်နေပြီး သူမက သူ့ကိုတည့်တည့်စိုက်ကြည့်နေ၏။ ဒီလောက်နောက်ကျနေတဲ့အချိန်မှာတောင် ယောက်ျားတစ်ယောက်က သူမအိမ်ထဲရောက်ရှိနေခြင်းမှာ ဘာမှမထူးဆန်းနေသကဲ့သို့ပင်...

ရှန့်ချန်ခုန်း ဘာပြောရမှန်းတောင်မသိတော့ ၊ သူကသာလျှင် ဤကဲ့သို့ညစ်ညမ်းသောအတွေးများရှိနေသည့်သူတစ်ယောက်လို ခံစားနေရ၏။

"အရင်တစ်ခေါက်တုန်းက ရှင်ကကျွန်မကိုကူညီပေးခဲ့တာလေ ဒါပေမဲ့ ကျွန်မမှာ ရှင့်ကိုသေချာကျေးဇူးတင်ဖို့ရာအတွက် အခွင့်အရေးမရှိခဲ့ဘူး။ ကျွန်မရဲ့ကျေးဇူးတင်မှုကိုဖော်ပြဖို့ညစာအတွက် ကျွန်မကရှင့်ကိုဖိတ်နေတာပါ"

ရွှီလျန်၏အကြောင်းပြချက်ကခိုင်လုံသည်။ သူမလေးက တံခါးနားမှာရပ်နေရင်း သူ့အဖြေကိုစိတ်ရှည်ရှည်ဖြင့်စောင့်နေလျက်ရှိ၏။ နောက်ဆုံး၌ ရှန့်ချန်ခုန်း သူ့နှုတ်ခမ်းထောင့်တွေတွန့်ချိုးသွားခဲ့သည်။

"ကောင်းပါပြီ ကျွန်တော့်ကိုခွင့်ပြုပါဦး"

ရွှီလျန်က သူ့ကိုအိမ်တွင်းစီးဖိနပ်တစ်ရံပေး၍ တံခါးနားတွင်ချထားပေးလိုက်သည်။ ရှန့်ချန်ခုန်း ဖိနပ်စီးပြီးနောက် အထဲသို့ ရွှီလျန်အနောက်မှလိုက်လာခဲ့တော့သည်။

Slowly Falling For Changkong ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora