Chapter-53

415 45 1
                                    

ယခုဇန်နဝါရီလဖြစ်၍ ရှန့်ချန်ခုန်း၏ဘွဲ့လွန်စာမေးပွဲများ နီးကပ်လာပြီဖြစ်သည်။ စာမေးပွဲဖြေဆိုသူကိုယ်တိုင် ဖိအားများစွာမခံစားရသော်လည်း ရွှီလျန်နှင့်ရှန့်နွမ်က သူ့အတွက် အလွန်စိတ်လှုပ်ရှားနေပါ၏။ အထူးသဖြင့် ရှန့်နွမ်.. သူမ အိမ်ပြန်လာသည့်အချိန်တိုင်း သူ့အား သူမနှင့်အတူ စာလုပ်ရန် တောင်းဆိုလေ့ရှိသည်။ ရှန့်ချန်ခုန်းမှာ ရှန့်နွမ်၏လုပ်ရပ်အတွက် ငိုရမည်လား ရယ်ရမည်လား မသိ။

အံ့ဩစရာကောင်းတာက ဝမ်းရှုလီဟာ ရှန့်ချန်ခုန်းထက်စာရင် အတည်ငြိမ်ဆုံးလူဖြစ်သည်။ သူမသားဖြစ်သူက ထက်မြက်တယ်ဆိုတာ သိထားပြီးသားဖြစ်ရာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတုန်းက ရှန့်ချန်ခုန်းရဲ့ရလဒ်တွေကို မှတ်မိနေပါသေးသည်။ တကယ်တော့ ဝမ်းရှုလီက ရှန့်နွမ်ရဲ့လာမည့်ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပိုစိုးရိမ်နေခဲ့ခြင်းပင်။

သူမက မကြာသေးမီကမှ အလုပ်စလုပ်ခဲ့ပြီး သူမ၏အလုပ်ကို ပိုမိုအာရုံစိုက်ခဲ့ရသည်။ ဝမ်းရှုလီ၏အလုပ်မှာ အနီးနားရှိ အပန်းဖြေစင်တာတစ်ခုတွင် အငြိမ်းစားအမျိုးသားများနှင့် အမျိုးသမီးများအား ကခုန်နည်းသင်ပေးရန်ဖြစ်သည်။ ၎င်းက အလွန်ကောင်းမွန်သော အကျိုးကျေးဇူးများရရှိခဲ့ပြီး သူမတွင်လည်း နွေရာသီနှင့်ဆောင်းရာသီအားလပ်ရက်များတွင် အားလပ်ရက်များရှိနေသည်။

ရှန့်နွမ်သည် ရွှီလျန်ကို ဝမ်းရှုလီ၏လုပ်ငန်းခွင်သို့ တိတ်တဆိတ်သွားရောက်လည်ပတ်ရန် ဆွဲခေါ်သွားခဲ့သည်။ ရှန့်နွမ်ငယ်ငယ်တုန်းက စင်ပေါ်မှာ သူ့အမေကနေတာကို မြင်ဖူးတယ် ၊ ယခု နှစ်များကြာပြီးနောက် သူမတွင် ဤအရာနှင့်ပတ်သက်ပြီး အကွဲကွဲအပြားပြားနှင့် ပဟေဠိဆန်သော အမှတ်တရအချို့သာ ကျန်ရှိခဲ့သည်။ ဝမ်းရှုလီက ခမ်းနားသောစင်မြင့်ပေါ်တွင် မကတော့သော်လည်း ရှန့်နွမ်၏အမှတ်တရဟောင်းများသည် လက်ရှိဝမ်းရှုလီနှင့် တစ်ထပ်တည်းကျနေမြဲ။

သူမအဖေဆုံးသွားတဲ့နှစ်မှာ ရှန့်နွမ်က သူမအမေဖြစ်သူကတာကို ဘယ်တော့မှမြင်ရတော့မှာမဟုတ်ဘူးလို့ တကယ်ယုံကြည်ခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ဝမ်းရှုလီက လှည့်လိုက် ခုန်လိုက် ကျော်လိုက် ကွေးလိုက်ပုံကိုကြည့်ရင်း ရှန့်နွမ်မှာ အံ့သြဖွယ်ကောင်းသည်ဟု ထင်နေ၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now