Chapter-13

597 89 1
                                    


ရွှီလျန်သည် ရှန့်ချန်ခုန်းကိုရှာဖွေခြင်းမှာ လေးနက်မှုမရှိသလိုခံစားမိသည်။ ဒဏ်ရာရသွားသော်ငြားလည်း ထိုသူကဆေးရုံသွားရန် ငြင်းဆန်ခဲ့သည့်အတွက် သူမတစ်နေ့လုံးစိတ်ပူနေခဲ့ရ၏။

ဟောင်ကောင်ရှိသူမ၏ဆွေမျိုးများက သူမအား ပေးထားသောဆေးဖက်ဝင်အရက်ကို သူမသတိရလိုက်သည်။ သူမအဖေက သူ့အတွက် တော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောဖူးတာကြောင့် သူမ ရှန့်ချန်ခုန်းအား စမ်းလိမ်းကြည့်စေချင်သည်။

ရွှီလျန်အကြာကြီးစောင့်နေရမည်ကို အားနာသဖြင့် ရှန့်ချန်ခုန်းသည် သူမဆိုင်သို့ ညနေ(၂:၂၀)တွင်ရောက်ရှိလာခဲ့သည်။

တံခါးပိတ်ထားပေမဲ့လည်း သော့မခတ်ထားခဲ့ ၊ တံခါးပေါ်တွင်ချိတ်ဆွဲထားသော သစ်သားပြားလေးပေါ်ရှိ 'Closed' ဘက်ခြမ်းဟာ သူနှင့်မျက်နှာချင်းဆိုင်ရှိနေခဲ့၏။ တံခါးကိုတွန်းဖွင့်ရင်း ရှန့်ချန်ခုန်းသည် ဒုတိယထပ်သို့ဦးတည်သွားသည်။ တံခါးခေါက်သံတစ်ချက်နှင့်အတူ သူကနှုတ်ဆက်လိုက်လေသည်။

"ဟယ်လို"

ရွှီလျန်၏လက်တွေက ပျားဖယောင်းကိုကိုင်ထားသဖြင့် အလုပ်ရှုပ်နေခဲ့၏။ သူ့ကို အသာစောင်းငဲ့ကြည့်ရင်း သူမပြန်ဖြေသည်။

"ခဏလေးစောင့်ဦးနော်"

သူမ ဖယောင်းကိုအောက်ချကာ စားပွဲပေါ်ကတစ်ရှူးတစ်ရွက်ကိုယူပြီး သူမလက်တွေကိုသုတ်လိုက်သည်။ သူမဖုန်းကိုယူလျက် အောက်ထပ်ဆင်းသွားတော့သည်။

"နားနေခန်းထဲကိုသွားရအောင်"

ရှန့်ချန်ခုန်း တုံ့ဆိုင်းစွာဖြင့်ခေါင်းညိတ်၏။

"အင်း ကောင်းပါပြီ"

ရွှီလျန်ဆိုင်ရှိနားနေခန်းက အရမ်းမကြီးပေ ၊ နံရံနှင့်ကပ်လျက်ရှိသည့် လူသုံးယောက်ထိုင်ဆိုဖာတစ်လုံးနှင့် ၎င်းအရှေ့၌ စားပွဲရှည်တစ်လုံးရှိ၏။ နားနေခန်းတံခါးကမှန်တံခါးဖြစ်ပြီး လိုက်ကာတပ်ဆင်ထားပေမဲ့လည်း ရွှီလျန်က လိုက်ကာအားအောက်ချခဲသည်။ ရှန့်ချန်ခုန်းထိုင်လိုက်သည်နှင့် ရွှီလျန်က အံဆွဲအသေးလေးနားသွား၍ ပုလင်းတစ်ပုလင်းကိုထုတ်ယူလိုက်သည်။ သူမက နောက်လှည့်လာရင်းပြော၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now