Chapter-42

462 77 0
                                    



ရှန့်နွမ် နေ့လယ်စာစားရန်ရည်ရွယ်၍ သူမအခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော် သူမ အပြင်ထွက်လာချိန်တွင် ဝမ်းရှုလီမှာ ဧည့်ခန်းထဲတွင်မရှိကြောင်း မြင်လိုက်ရပြီး သူမအိပ်ခန်းတံခါးမှာလည်း ပိတ်လျက်ဖြင့်။

ယင်းက ကြုံတောင့်ကြုံခဲပဲ ၊ သူမ နာမကျန်းစဖြစ်သည့်အချိန်မှစ၍ ဝမ်းရှုလီဟာ အိမ်အပြင်မထွက်တော့ဘဲ အချိန်အများစုကို သူမအခန်းထဲတွင်သာ ကုန်ဆုံးစေခဲ့ပြီး ထမင်းစားမည့်အချိန်၌သာ အပြင်ထွက်လာလိမ့်မည်။ ရှန့်နွမ်မှာ ထူးဆန်းသလိုဖြစ်နေသော်လည်း သူမအမေဖြစ်သူဟာ မနေ့က ရွှီလျန်နှင့်ဖြစ်ပျက်ခဲ့သည်များကြောင့် စိတ်အခြေအနေမကောင်းဖြစ်နေတယ်လို့ပဲ မှန်းဆလိုက်သည်။

ရှန့်နွမ် စိတ်ထဲမထားလိုက်ခဲ့ဘူး။ သူမ မီးဖိုချောင်ထဲဝင်သွားပြီး အစားအသောက်တွေကိုပြန်နွှေးပြီးမှ ဝမ်းရှုလီအခန်းတံခါးကို ခေါက်လိုက်သည်။

"အမေ နေ့လယ်စာစားချိန်ရောက်ပြီ"

ပုံမှန်အားဖြင့် စက္ကန့်အနည်းငယ်ကြာပြီးလျှင် အထဲမှ လှုပ်ရှားမှုအနည်းငယ် ရှိလာလိမ့်မည်။ သို့သော် ရှန့်နွမ်မှာ တံခါးနားတွင် တစ်မိနစ်ပြည့်အောင်ရပ်နေသည့်တိုင် ဘာအသံမှမကြားရ.. သူမ နောက်တစ်ကြိမ် တံခါးထပ်ခေါက်ရင်း အော်ခေါ်၏။

"အမေ နေ့လယ်စာ"

အခန်းကတိတ်ဆိတ်နေမြဲ ၊ နောက်ဆုံးတွင် ရှန့်နွမ်မှာ တစ်ခုခုမှားနေပြီမှန်း ခံစားလာရ၏။ သူမ တံခါးလက်ကိုင်ကိုဆုပ်ကိုင်၍ ဖြည်းဖြည်းချင်းလှည့်ဖွင့်လိုက်သည်။ ရှန့်ချန်ခုန်းလိုပဲ ဝမ်းရှုလီဟာလည်း သူမအခန်းတံခါးကိုပိတ်ထားပေမဲ့ ဘယ်တော့မှလော့မချထားခဲ့ပေ။

"အမေ?"

ရှန့်နွမ် တံခါးဖွင့်၍ အထဲကိုကြည့်လိုက်ပေမဲ့ ဝမ်းရှုလီ၏အရိပ်အယောင်လေးတောင် မတွေ့ခဲ့ရပေ။

သူမအမေက အခန်းထဲမှာမရှိ...

ရှန့်နွမ် စိုးရိမ်လာ၏။ ဤအိမ်မှာ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနှင့် ရှန့်ချန်ခုန်းရဲ့အခန်းကျဉ်းကျဉ်းလေးတစ်ခန်း.. စုစုပေါင်းလေးခန်းသာရှိသည်။ ရှန့်နွမ် တစ်ခန်းချင်းစီကို တစ်ခန်းပြီးတစ်ခန်း လိုက်စစ်ကြည့်နေပါသော်လည်း မည်သည့်နေရာတွင်မှ ဝမ်းရှုလီအရိပ်လက္ခဏာလေးတောင်မရှိ။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now