Chapter-41

489 70 1
                                    



သူမ အိမ်ပြန်ရောက်ပြီးသည့်တိုင်အောင် ရွှီလျန်နှလုံးသားမှာ စိတ်မသက်မသာဖြစ်နေသေးသည်။ သူမ ရှန့်ချန်ခုန်းအိမ်ကို အလည်မသွားနိုင်တော့ဘဲ သူ့အမေကို အချိန်ခဏလောက် မတွေ့ရလည်း ပြဿနာမရှိ။ ဘယ်လိုပဲဖြစ်ဖြစ် သူမနှင့်သူ့အမေဆက်ဆံရေးတိုးတက်လာစေရန်က အရေးတကြီးတာဝန်တစ်ခုတော့မဟုတ် ၊ စိတ်သောကရောက်စေသည့်အရာမှာ မနက်ဖြန်က ရှန့်ချန်ခုန်း စာရင်းသွင်းထားသည်ကိုအတည်ပြုရန်အတွက် ကျောင်းသွားဖို့လိုအပ်၏။ သူ သွားဖြစ်မှာမလား?

အဆုံးတွင် ရွှီလျန် ရေချိုးပြီးနောက် မနေနိုင်တော့ဘဲ ရှန့်ချန်ခုန်းကို ဖုန်းခေါ်လိုက်သည်။ ဖုန်းမှာ မကိုင်ခင်ထိ ခဏကြာ မြည်နေခဲ့၏။ သူမဖုန်းမှထွက်ပေါ်လာသောအသံမှာ နူးညံ့ညင်သာလှသည်။

"ရွှီလျန် ဘာဖြစ်လို့လဲ"

ရွှီလျန် သူ့၏နူးညံ့ညင်သာလှသောအသံကြောင့် ညှို့ယူဖမ်းစားခံလိုက်ရပေမဲ့ အကြိမ်အနည်းငယ်လောက် ခေါင်းယမ်းပြီးနောက် သူမ အာရုံပြန်စိုက်ထားနိုင်ခဲ့သည်။

"အင်း ဘာမှတော့မဟုတ်ပါဘူး... ရှင် အခုဘာလုပ်နေလဲ"

"ကိုယ် အခုလေးတင် ရေချိုးပြီးတာ ခဏလောက် စာကြည့်မလို့"

ရှန့်ချန်ခုန်းက စာကြည့်ဖို့ရည်ရွယ်ထားကြောင်း ကြားလိုက်ရလျှင် ရွှီလျန်မှာ နည်းနည်းစိတ်သက်သာရာရသွား၏။ စာကြည့်မယ်ဆိုတာက မနက်ဖြန် သူသွားဖို့ရည်ရွယ်ထားတယ်လို့ ဆိုလိုတာပဲ။

"ဒါဆို ကျွန်မ ရှင့်ကိုမနှောင့်ယှက်တော့ပါဘူး မနက်ဖြန် ကျောင်းအတည်ပြုချက်ကို မမေ့နဲ့နော်"

"အင်း"

ရွှီလျန်ဖုန်းမချခင် ရှန့်ချန်ခုန်းက

"ဒီနေ့နဲ့ပတ်သတ်ပြီး စိတ်ပူမနေနဲ့နော် ရက်နည်းနည်းလောက်ပဲစောင့်လိုက်ပါ ကိုယ့်အမေစိတ်တည်ငြိမ်သွားပါလိမ့်မယ်"

"ကောင်းပါပြီ"

အတည်ပြုရမည့်နေရာက A မြို့တော်ရှိ လေကြောင်းတက္ကသိုလ်တွင်။ ရှန့်ချန်ခုန်းက သူ့အိုင်ဒီကဒ်နှင့်တရားဝင်အထောက်အထားများကို ယူသွားရန်လိုအပ်သည်။ သူ မနက်စောစော အိပ်ရာမှထကာ လိုအပ်သောစာရွက်စာတမ်းအားလုံးကိုစုထားပြီး မနက်စာလုပ်ရန် မီးဖိုချောင်ထဲဝင်သွားပါတော့၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now