Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )

408 41 0
                                    



ကောလိပ်ဝင်ခွင့်စာမေးပွဲအကြိုနေ့တွင် ကျောင်းက စီနီယာတန်းများအား အိမ်မှာစာကျက်နိုင်စေရန်အတွက် အားလပ်ရက်အနည်းငယ် ကြိုပေးပါသည်။

ထိုအချိန်အတွင်းမှာ ပိုအရေးကြီးတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပျက်နေတယ် - သူတို့ရဲ့ဘွဲ့နှင်းသဘင် ဓာတ်ပုံရိုက်ခြင်း။

ကျောင်းသားတွေက သူတို့ပစ္စည်းတွေ ထုပ်ပိုးပြီးခါနီးနေပြီ။ စားပွဲခုံများပေါ်တွင် အများအားဖြင့် အမြင့်တွင် တန်းစီထားသော ဖတ်စာအုပ်များ မရှိတော့သဖြင့် စာသင်ခန်းကို ပုံမှန်ထက် အနည်းငယ် ပိုကျယ်သွားစေသည်။

ရှန့်နွမ်ကို သူမ၏သူငယ်ချင်းကောင်းနှစ်ယောက်က လာတန်းစီပြီး ဓာတ်ပုံရိုက်ရန် ခေါ်သောအခါတွင် သူမ၏စားပွဲတွင် ထိုင်နေလေသည်။ ရှန့်နွမ်က သဘောတူပြီး အားလုံးစုဝေးရာ လှေကားထစ်ကို သူတို့တွေ ပြေးဆင်းသွားကြသည်။

ခွဲခွါရန်နီးလာလို့ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကျောင်းသားတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အောက်ထပ်မှာတန်းစီပြီး သူတို့ကြား၌ ခွဲခြားခြင်းမရှိဘဲ အစုလိုက်အပြုံလိုက် အတူတူရပ်နေကြသည်။ အရှေ့ဆုံးတွင် သူတို့ရဲ့အတန်းပိုင်ဆရာက ထိုင်ခုံပေါ်ထိုင်နေပြီး သူ့အမူအရာက ဖော်ဖော်ရွေရွေနှင့်ပင်။

အတန်းဓာတ်ပုံများတွင် မိန်းကလေးများသည် အများအားဖြင့် အရှေ့ဆုံးတန်းတွင် ရှိတတ်ကြပြီး ယောက်ျားလေးများက အနောက်တွင် ရှိနေကြသည်။ သို့ပေမဲ့ ရှန့်နွမ်က သိပ္ပံပညာကို ဦးစားပေးသောအတန်းတွင် ရှိခဲ့သောကြောင့် သူမ၏အတန်းတွင် မိန်းကလေးနှစ်ယောက်သာ ရှိခဲ့သည်။ သူမက ရှန်လင်ရှေ့မှာ ရပ်နေတယ်ဆိုတာကို သိပြီးနောက် ရှန့်နွမ်ရဲ့နှုတ်ခမ်းတွေ တွန့်ချိုးသွားရာ နေရာပြောင်းလို့ရမလားဆိုပြီး အတန်းဖော်မိန်းကလေးကို မေးလိုက်သည်။

သို့သော် သူ့ရဲ့ tripod* နောက်မှာ ရပ်နေတဲ့ဓာတ်ပုံဆရာက အော်ပြောလာ၏။

( T/N : * သုံးချောင်းထောက်ကင်မရာလိုမျိုးကိုပြောတာ )

"ကျောင်းသူလေး မလှုပ်နဲ့လေ.. မတ်တပ်ရပ်ပြီး ကင်မရာကိုကြည့်လိုက်"

ရှန့်နွမ် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။ ရှန်လင်က ရှန့်နွမ်၏ခေါင်းကိုငုံ့ကြည့်ကာ သူမ အနည်းငယ် ဒေါသထွက်နေပုံရတယ်ဟု တွေးမိ၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now