Chapter-12

565 97 3
                                    



ချန်းဖန်သည် ကျောက်တိမှာ ဒုတိယအကြီးဆုံးကလေးရောဂါလက္ခဏာရှိကြောင်း ထင်ကြေးပေးထားသည်မှာ အမှန်ပင်မှန်ကန်လှပေသည်။ တက္ကသိုလ်တွင်ပညာသင်ကြားနေစဉ် ကျောက်တိသည် လူပေါင်းတစ်သန်းကျော်တွင် ဒုတိယနေရာ၌သာရှိခဲ့၏။ သူဘယ်စာမေးပွဲပဲဖြေဖြေ သူ့နာမည်က ရှန့်ချန်ခုန်းနာမည်အောက်မှာပဲ အမြဲရှိနေခဲ့သည်။

ရှန့်ချန်ခုန်းသည် ထိုအချိန်က အလွန်ပေါ်ပြူလာဖြစ်ခဲ့သည်။  ကျောင်းရှိလူတိုင်းနီးပါးက သူ့ကိုသဘောကျကြပြီး ကျောက်တိတစ်ယောက်တည်းကသာလျှင် သူကရှန့်ချန်ခုန်း၏အရိပ်အောက်မှာပဲရှိနေသည်ဟု ခံစားခဲ့ရ၏။

ရှန့်ချန်ခုန်းသည် မတော်တဆမှုတစ်ခုကြောင့် နိုင်ငံခြားတွင်ပညာသင်ကြားရန် သူ့နေရာအားလက်လျှော့လိုက်ပြီး ၎င်းနေရာကကျောက်တိထံကျရောက်သွားသည့်တိုင်အောင်ပင်ဖြစ်သည်။ 

ထိုကိစ္စက သူ့ကိုပျော်ရွှင်စေခဲ့လား? တကယ်မပျော်ရွှင်စေခဲ့ဘူး ၊ အခြေအနေက ရှန့်ချန်ခုန်းကသူ့အကြွင်းအကျန်တွေကို သူ့အားပေးနေသလိုသာခံစားရ၏။ ဒါဆို ဒီဟာကသူ့ကိုမပျော်ရွှင်အောင်လုပ်ခဲ့တာလား? မဟုတ်ပေ။ နောက်ဆုံးမှာတော့ ၎င်းသည် သူတို့မေဂျာရှိကျောင်းသားတိုင်းအတွက် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။

ကျောက်တိသည် သူ၏ဘွဲ့လွန်သင်တန်းများကို သိမ်နုံ့ညံ့ဖျင်းလှသောစိတ်ဓာတ်ဖြင့်ပြီးဆုံးသွားခဲ့သည်။ ဒီနေ့ ရှန့်ချန်ခုန်းက ရုတ်တရက်ပေါ်လာပြီး 'မင်းဘာလို့ဘဏ္ဍာရေးကုမ္ပဏီမှာအလုပ်လုပ်နေတာလဲ' လို့မေးလာ၏။

ကျောက်တိသရော်ပြုံးမပြုံးခင် သူ့ဖုန်းထဲကစာကြောင်းကို တိတ်တဆိတ်ကြည့်နေလိုက်သည်။ ဤအကျင့်သည် ရှန့်ချန်ခုန်း၏ပင်ကိုစရိုက်နှင့်အလွန်လိုက်ဖက်ပေ၏။

ကျောက်တိတိ : [ မင်းရောမင်းအလုပ်ကိုမလုပ်ဘဲ အခုအစားအသောက်ပို့နေတာမလား? ]

ရှန့်ချန်ခုန်း : [ မင်းကမတူဘူး ]

တက္ကသိုလ်တွင် ကျောက်တိမှာအမှတ်ကောင်းကောင်းတွေရှိခဲ့ပြီး နိုင်ငံရပ်ခြားတွင်စာလေ့လာရန် အခွင့်အရေးကိုတောင်ရရှိခဲ့သည်။ ရှန့်ချန်ခုန်းသည် ကျောက်တိကတရုတ်ပြည်ပြန်ရောက်သောအခါတွင် လေယာဉ်ဝင်းတစ်ခုတွင်အလုပ်တစ်ခုရရန် စီမံနိုင်ခဲ့ကြောင်း အန်ကယ်ဟော်ထံကကြားသိခဲ့ရပြီး လုပ်ငန်းခွင်၌ သူ၏ကျွမ်းကျင်မှုများကို ပြသရန်အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now