Chapter-6

628 80 1
                                    


ရွှီလျန်ကတော့ ရှန့်ချန်ခုန်းကိုသတိမပြုမိခဲ့ပေ ၊ သူမအိမ်မပြန်ခင် တစ်နာရီခွဲလောက်ပြေးနေခဲ့၏။ ရေချိုးပြီးနောက် သူမစားနိုင်တာဘာရှိလဲကြည့်ရန် ရေခဲသေတ္တာဖွင့်လိုက်သည်။ ရေခဲသေတ္တာကို သူမမီးဖိုချောင်အပြင်အဆင်နှင့်ကိုက်ညီစေရန် ဒီဇိုင်းလုပ်ထားတာဖြစ်ပြီး တံခါးနှစ်ချပ်ဖြင့်ကြီးမားသည့်ရေခဲသေတ္တာဖြစ်သည်။ အရောင်းဝန်ထမ်းက ဒီထဲမှာ supermarket အသေးစားလေးတစ်ခုတောင်လုပ်လို့ရနိုင်တယ်ဟု ပြောခဲ့သည်ကိုသူမမှတ်မိသေး၏။

သို့ပေမဲ့ ရွှီလျန်က ခေါက်ဆွဲဘူးတွေကိုပြုတ်သောက်ရတာကိုပဲ အကြိုက်ဆုံးသူတစ်ယောက် ၊ ထို့ကြောင့် ပုံမှန်ဆို သူမရေခဲသေတ္တာကိုသိပ်မသုံးပေ။ သူမ မနေ့ကဝယ်ထားသည့် sandwich တစ်ခုနှင့် juice လုပ်ရန်လိမ္မော်သီးတစ်လုံးကို ယူလိုက်၏။ သူမ ဒီနေ့မနက်စာအတွက် sandwich နှင့်လိမ္မော်ရည်သောက်ရန် စီစဉ်လိုက်တော့သည်။

သူမ အရည်စပြီးမညှစ်ခင် စားပွဲပေါ်ရှိသူမဖုန်းက နှစ်ကြိမ်မြည်လာခဲ့၏။ ရွှီလျန် screen ကိုကြည့်လိုက်တော့ ဝေ့ရိချန်ဆီကမက်ဆေ့မှန်းသိလိုက်သည်။

ဝေ့ရိချန် : [ ငါမင်းကို မနက်စာအတူစားဖို့လာခေါ်နေပြီ ]

ရွှီလျန် : [ အပြင်မှာထွက်မစားတော့ဘူး ငါ့အိမ်မှာပဲစားတော့မယ် ]

ဝေ့ရိချန် : [ မင်းမှာတကယ် အစားအသောက်တွေရှိတယ်ပေါ့? အော်ဒါမှာလိုက်တာလား ]

ရွှီလျန် screen ကိုစိုက်ကြည့်ပြီး စာမပြန်တော့ ၊ သူမက sandwich ကိုချကာ လေလုံအောင်ပိတ်ထားသည့် ကိတ်မုန့်အဝါလေးကိုယူရန် ရေခဲသေတ္တာနားပြန်သွား၏။

ဝေ့ရိချန်ရောက်လာချိန်၌ ရွှီလျန်က ကိတ်ဝါလေးကိုပေါင်းပြီးသွားခဲ့ပြီ ၊ သူက မီးဖိုချောင်ထဲဝင်လာကာ နှာခေါင်းရှုံ့ရင်း

"ဘာတွေပေါင်းနေတာလဲ အနံ့လေးကမွှေးနေတာပဲ"

"ကျန်းကော်အာက သူမမွေးရပ်မြေကအထူးသီးသန့်ဖြစ်တဲ့ အသီးကိတ်မုန့်ကိုမပေးခင် ငါကနင့်အတွက်အထူးတလည်ယူလာပေးခဲ့တာ"

"တကယ်လား"

ဝေ့ရိချန်က စားပွဲပေါ်ကအထုပ်ကိုဆွဲယူလျက် သက်တမ်းကုန်ဆုံးရက်ကိုမြင်ချိန်တွင်

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now