Chapter-50

442 49 0
                                    



အခု ဒီဇင်ဘာလထဲ ရောက်နေပြီဆိုတော့ အပူချိန်က တော်တော်ကျသွား၏။ ယနေ့ ရွှီလျန် အပြင်မထွက်မီ အပေါ်အင်္ကျီဝတ်ရန် မမေ့ခဲ့ပေ။

သူမ အိမ်ပိုင်ရှင်နှင့် နေ့လည်နှစ်နာရီခွဲတွင် ချိန်းထားတာကြောင့် ဆယ်မိနစ်ကြိုပြီး အိမ်ကနေ ထွက်လာခဲ့လိုက်သည်။ သူမ အဆောက်အဦး ၆ သို့ရောက်သည့်အချိန်တွင် အချိန်ငါးမိနစ်လောက် ကျန်နေသေး၏။ ရှန့်ချန်ခုန်းလည်း ရှေ့တွင် စောင့်နေပြီဖြစ်သည်။

သူတစ်ယောက်တည်း မတ်တတ်ရပ်ပြီး ခေါင်းကို အနည်းငယ်ငုံ့ထားသောကြောင့် အနက်ရောင်ဆံပင်များက သူ့မျက်နှာပေါ်တွင် ဝဲကျနေလေသည်။ ရှန့်ချန်ခုန်းက သပ်ရပ်ပြီး လွယ်ကူပုံပေါက်သော်လည်း တစ်နည်းတစ်ဖုံအားဖြင့် လူများက သူ့ကို လျစ်လျူမရှုနိုင်စေရန် ဆွဲဆောင်ထားနိုင်မှု သူ့တွင်ရှိနေခြင်းဖြစ်သည်။

ရွှီလျန် ခဏလောက် ရပ်လိုက်ပြီး သူ့ကို လှမ်းကြည့်၏။ ထို့နောက် သူ့နားလျှောက်သွားပြီး

"ရှင် ဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ? ရှင်ရောက်လာတုန်းက ကျွန်မကို ဘာလို့ဖုန်းမခေါ်တာလဲ"

ရှန့်ချန်ခုန်း ခေါင်းကိုမော့ပြီး သူမအား သဘာဝကျကျ ပြုံးပြလိုက်သည်။

"ကိုယ် အခုမှရောက်တာ ဆုံဖို့အချိန်နီးနေပြီမလို့ မကြာခင် မင်းလဲ ရောက်လာမယ်ထင်လို့"

ရွှီလျန် သူမ၏လက်များကို အင်္ကျီအိတ်ကပ်ထဲထည့်လိုက်သည်။

"ဟုတ်ပါပြီ ကျွန်မ အိမ်ကမထွက်ခင် အိမ်ရှင်ကိုဖုန်းဆက်လိုက်တယ် သူက ကျွန်မတို့ကို အပေါ်ထပ်မှာ စောင့်နေတယ်"

"ကောင်းပြီ"

နှစ်ယောက်သား ဘေးချင်းကပ်လျက် အဆောက်အဦးထဲသို့ လျှောက်သွားကြသည်။ ရွှီလျန်က ရှန့်ချန်ခုန်းကို အဆောက်အဦးအကြောင်းပြောပြရန် ဓါတ်လှေကားအတိုကို အခွင့်ကောင်းယူခဲ့လိုက်သည်။

"ဒီတိုက်ခန်းက နှစ်နှစ်ပဲရှိသေးတာဆိုတော့ အားလုံးကအသစ်ပဲလေ.. အိမ်ခန်းကလဲကောင်းတယ်၊ ပိုင်ရှင်ကလဲစိတ်ချရတယ် ရပ်ကွက်ထဲမှာ ဘော်လီဘောကွင်းတွေနဲ့ တင်းနစ်ကွင်းတွေရှိတယ် မိုးလုံလေလုံရေကူးကန်ကလဲ မကြာခင် အပြီးဆောက်တော့မယ်လို့ ပြောတယ်"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now