Chapter-46

557 73 1
                                    



ရွှီလျန် စက္ကူလေယာဉ်လေးကို သူမအိတ်ထဲထည့်ပြီး ရှန့်ချန်ခုန်းနှင့်အတူ လေဆိပ်ထဲမှထွက်လာခဲ့သည်။ အဆောက်အဦးအပြင်ဘက်တွင် သေချာတန်းစီးပြီး ရပ်ထားသောတက္ကစီအများအပြားရှိနေသည်။ ရှန့်ချန်ခုန်းက ရွှီလျန်ခရီးဆောင်အိတ်ကို တွန်းလာရင်း မေး၏။

"မင်းရဲ့ကားကလေဆိပ်မှာလား"

"မဟုတ်ဘူး ကျွန်မ တက္ကစီနဲ့လာခဲ့တာ"

ရွှီလျန် သူ့ကိုမော့ကြည့်ပြီး ချောင်းဟန့်လျက်

"ကျွန်မ ခုနက ရှင့်မေးခွန်းကို စဉ်းစားပြီးသွားပြီ.. နိုင်ငံခြားမှာ ပစ္စည်းတွေဝယ်ဖို့ ဟိုပြေးဒီပြေး ပြေးလွှားထားရတာဆိုတော့ ကျွန်မတကယ်ပင်ပန်းနေပြီ အဲဒါကြောင့်မလို့ ကျွန်မအိမ်ပြန်ပြီးအနားယူချင်တယ် နောက်တစ်ခေါက်ကျမှ စကားပြောကြတာပေါ့"

ရှန့်ချန်ခုန်း နှုတ်ခမ်းကိုက်လိုက်ရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ မည်သို့ပင်ဖြစ်စေ ရွှီလျန်မှန်ပါ၏။ ဒီလွန်ခဲ့တဲ့နှစ်ရက်မှာ သူမက နိုင်ငံခြားမှာ အလုပ်လုပ်နေခဲ့တာ ၊ သူမ အွန်လိုင်းပေါ်မှာတင်ထားသမျှ လှုပ်ရှားမှုအကြောင်းအရာများကို သူတွေ့မြင်ထားပြီးသား။ နောက်ဆုံးတွင် ရှန့်ချန်ခုန်း ခေါင်းညိတ်လိုက်ကာ

"ကောင်းပါပြီ ဒီနေ့ ကောင်းကောင်းအနားယူလိုက်ပါ"

သို့ဖြစ်၍ ရှန့်ချန်ခုန်းသည် တက္ကစီအလွတ်တစ်စီးကို လက်ပြတားလိုက်ပြီး သူမအား အနောက်ခန်းတံခါးဖွင့်ပေး၏။

"ဝင်တော့ ကိုယ် မင်းရဲ့ခရီးဆောင်အိတ်ကိုထားလိုက်မယ်"

ရွှီလျန်၏ခရီးဆောင်အိတ်မှာ (၂၈)လက်မအရှည်ရှိကာ နိုင်ငံခြားမှ သူမရရှိလာခဲ့သောရတနာများဖြင့် ပြည့်နှက်နေသည့်အတွက် လေးလံ၍ဝန်ကျယ်နေပါသည်။ ရှန့်ချန်ခုန်းက တက္ကစီနောက်ဖုံးတွင် ခရီးဆောင်အိတ်ကို ကူထည့်ပေးပြီးနောက် ရွှီလျန်အား စကားပြောရန်အတွက် တံခါးဆီသို့ပြန်သွား၏။

ရွှီလျန်က အနောက်ခုံတွင်ထိုင်နေသည်။ ရှန့်ချန်ခုန်းမှာ ရွှီလျန်ကို တစ်ခုခုပြောလိုသည့်ဟန်ပေါ်နေသော်လည်း အဆုံးတွင် သူ့နှုတ်ခမ်းကိုစေ့ပိတ်ထားပြီး တက္ကစီထဲဝင်လာရန် မကြိုးပမ်းတော့ပေ။ ရွှီလျန်မှာ ပေါက်ကွဲထွက်ရန်အလို့ဌာ ခြိမ်းခြောက်နေသောအပြုံးအား ချုပ်တည်းထားရ၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now