Chapter-24

539 82 2
                                    


ရွှီလျန် အိမ်မပြန်ခင် ရှန့်ချန်ခုန်းအား မြေအောက်ရထားဘူတာရုံသို့လိုက်ပို့ပေးခဲ့သည်။ ရှန့်ချန်ခုန်း အိမ်ပြန်ရောက်သည့်အချိန်တွင် ရှန့်နွမ်မှာ သူမအိမ်စာများနှင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေဆဲဖြစ်၏။ အိမ်ရှေ့တံခါးဖွင့်သံကိုကြားတော့ သူမသည် သူမအခန်းထဲမှအမြန်ပြေးထွက်လာ၏။

"အစ်ကို ပြန်လာပြီလား?"

"အင်း"

ရှန့်ချန်ခုန်း အိမ်ရှေ့တံခါးကိုပိတ်၍ သူကိုင်ထားသောအိတ်အား သူမကိုကမ်းပေးလိုက်သည်။

"ရော့ ဒီမှာ"

"ဘာကြီးလဲ?"

စပ်စုချင်နေသောရှန့်နွမ်မှာ စက္ကူအိတ်ကိုယူ၍ ဖွင့်ကြည့်၏။

"ဒါက ရွှီလျန်အမေ နိုင်ငံခြားကနေအပြန်ဝယ်လာခဲ့တဲ့အထူးထုတ်ကုန်ပစ္စည်းအချို့ပါ၊ နင်ကြိုက်တာတစ်ခုခုများရှိမလားလို့ကြည့်လိုက်"

ရှန့်ချန်ခုန်းစကားတွေကိုကြားတော့ ရှန့်နွမ်မှာ သူ့ကို အထူးအဆန်းကြည့်လိုက်၏။

"အစ်ကိုက မမရဲ့အမေကို ဒီနေ့တွေ့ခဲ့တာပေါ့?"

အစ်ကိုကြီးက မိဘတွေကိုတောင်တွေ့ပြီးသွားပြီလား?!!

ရှန့်ချန်ခုန်း သူမခေါင်းကိုခေါက်ပြီး တိုးတိုးလေးကပ်မေး၏။

"အမေဘယ်မှာလဲ"

"အိပ်ပျော်သွားပြီ စိတ်ချထားလိုက်၊ စကားပြောဖို့ ညီမအခန်းထဲသွားကြရအောင်"

ရှန့်နွမ်သည် သူမအစ်ကိုကြီးကို သူမအခန်းထဲသို့ဆွဲခေါ်သွားပြီး ထိုင်ခုံပေါ်ထိုင်ခိုင်း၏။ သူမက သူ့ကိုစောင့်ကြည့်နေပြီး လက်တွေကို သူမရင်ဘတ်နားတွင်ပိုက်ထားလျက်

"အစ်ကို အခု အစ်ကိုက မိဘတွေကိုတွေ့ပြီးသွားပြီ၊ ဒါက အစ်ကို လက်ထပ်ဖို့မဝေးတော့ဘူးလို့ ဆိုလိုတာမလား"

ရှန့်ချန်ခုန်းမှာ မျက်နှာနီမြန်းလာကာ

"ဘာကိုလက်ထပ်တာလဲ? သူမအမေက အခုမှနိုင်ငံခြားကပြန်လာတာနဲ့ကြုံသွားလို့ပါ ပြီးတော့ ငါတို့က မတော်တဆတိုက်ဆိုင်ပြီးတွေ့သွားတာ"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now