Chapter-45

568 77 5
                                    


ဤမြို့မှာဆိုလျှင် လမ်းတွေဟာ နေ့လည်ခင်းထက် ညဘက်မှာ ပို၍စည်စည်ကားကားရှိသည်။ ဆောင်းရာသီ၏အေးစက်စက်အပူချိန်သည် တစ်နေ့တာအလုပ်များပြီးသည့်နောက်တွင် စိတ်အားထက်သန်သော အမျိုးသားနှင့်အမျိုးသမီးများက ဘီယာအချို့နှင့်ပျော်ရွှင်မြူးထူးသံများအား လိုက်လံရှာဖွေခြင်းကို မရှောင်ရှားနိုင်ကြပေ။ အစားအသောက်ဆိုင်များစွာကို လမ်းများပေါ်တွင် ခင်းကျင်းထားသောကြောင့် ရွှီလျန် ကားအရှိန်လျှော့လိုက်ရသဖြင့် ရှန့်ချန်ခုန်း၏ရပ်ကွက်သို့ ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့ရသည်။

ရှန့်ချန်ခုန်းက လမ်းမကြီးနှင့်မျက်နှာချင်းဆိုင်အိပ်ခန်းကို ရှန့်နွမ်အား အသုံးပြုရန် ငြင်းဆိုလိုက်ခြင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းပင်။ ရွှီလျန်သည် ညဘက်တွင် ဤကဲ့သို့ဆူညံနေမည်ဟု မထင်ထားခဲ့။

ရွှီလျန်က ယခုအချိန်တွင် ရှန့်ချန်ခုန်းအိမ်သို့ အကြိမ်များစွာရောက်ဖူးသောကြောင့် ဂိတ်စောင့်က သူမကို သိနေပြီဖြစ်သည်။ ရွှီလျန်၏ကားကိုမြင်သောအခါတွင် ဘာမှမမေးတော့ဘဲ ရိုးရိုးရှင်းရှင်းပင် သူမကို ဝင်ခွင့်ပေးလိုက်ပါသည်။ သို့သော်လည်း ဤညအချိန်တွင် ကားရပ်ဖို့နေရာရှာရန်မှာ မလွယ်ကူလှပေ။

ဘတ်စကက်ဘောကွင်းတွင် ကားပါကင်ဟူ၍ သီးသန့်အမှတ်အသားများမရှိသောကြောင့် နေထိုင်သူများသည် အခြေခံအားဖြင့် ကြုံရာရပ်ခဲ့ကြသည်။ နေရာအနည်းငယ်ရှိသော်လည်း သေချာကျကျနနရပ်ရန် အကျပ်အတည်းဖြစ်လွန်းလှ၏။

ရွှီလျန်သည် အပန်းဖြေဥယျာဉ်တွင် ရှန့်ချန်ခုန်းနှင့်ယခင်ကချိန်းတွေ့ခဲ့သည့်အချိန်ကို ပြန်တွေးမိသွားခဲ့သည်။ ထိုစဉ်က အလားတူအခြေအနေမျိုး ကြုံခဲ့ကြသော်လည်း ရှန့်ချန်ခုန်းက သူမကားကို ကျဉ်းကျဉ်းကျပ်ကျပ်နေရာတွင် ကျွမ်းကျင်စွာရပ်ရန် ထိုနေရာတွင် ရှိနေခဲ့သည်။

ယခုတွင် သူမအား ကူညီပေးရန် ရှန့်ချန်ခုန်းမရှိတော့ ၊ ထို့အပြင် ညသန်းခေါင်အချိန်ဖြစ်သောကြောင့် အလွန်မှောင်နေပါသည်။ ရွှီလျန် သူမ၏ကားပါကင်အထောက်အကူပြုစနစ်ကို အားကိုးတကြီးဖြင့် အမှီသဟဲပြုရင်း ဖြည်းဖြည်းချင်း တရွေ့ရွေ့ နေရာရွှေ့လိုက်သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now