Chapter-44

545 83 2
                                    



ရွှီလျန် ဘားမှာ ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေ၏။ ထို့နောက် သူမ ရုတ်တရက် လက်လှမ်း၍ ဝေ့ရိချန်ကိုင်ထားသောအရက်ကို ဆွဲယူလိုက်သည်။

သို့သော်လည်း ဝေ့ရိချန်၏တုံ့ပြန်လိုက်ပုံမှာ လျင်မြန်လှသည်။ ချက်ချင်း သူ့လက်ကိုနေရာရွေ့ပြီး ပုလင်းကို အနောက်တွင် ဝှက်ထားလိုက်၏။ ရွှီလျန် သူ့ကိုစိုက်ကြည့်လိုက်သည်။ ဝေ့ရိချန်ကလည်း ပြုံးလျက် ပြန်ကြည့်လာကာ

"ငါ အရင်က ရှန့်ချန်ခုန်းနဲ့တွေ့ဖူးတယ်.. သူ ငါ့ကိုပြောတာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေတယ်တဲ့"

သူ အားမောက်ကို စုံစမ်းခိုင်းထားခဲ့သောကြောင့် ရှန့်ချန်ခုန်း၏အခြေအနေကို သူသိထားပြီးသားပင်။ ယခုတွင် ရွှီလျန်က ရုတ်တရက် အိပ်မက်တွေအကြောင်း ပြောလာ၏။ ဝေ့ရိချန်အနေဖြင့် ရှန့်ချန်ခုန်း၏ပညာရေးမှာ တစ်ခုခုဖြစ်နေပြီဆိုတာ အထင်အရှားပါပဲ။

ရွှီလျန် သူမလိမ္မော်ဖျော်ရည်ကိုယူ၍ ဗော့ဒ်ကာတစ်မော့သောက်လိုက်သည့်အလား တစ်ကျိုက်သောက်လိုက်သည်။ ခွက်အလွတ်ဖြစ်သည်အထိ သူမ မရပ်တန့်ခဲ့။

"သူ စာမေးပွဲဖြေလောက်မှာ မဟုတ်တော့ဘူး"

ဝေ့ရိချန် မှီချ၍ သူ့တံတောင်ဆစ်ကို ဘားကောင်တာပေါ်တင်လျက်

"ဘာလို့လဲ"

အားမောက်၏အစီရင်ခံချက်အရ မူလက ရှန့်ချန်ခုန်းဟာ သူ့ဖခင်ဖြစ်သူကွယ်လွန်သွားသောကြောင့် နိုင်ငံခြားတွင် စာလေ့လာရန်အခွင့်အရေးကို လက်လျှော့ခဲ့ပြီး သူ့အမေက နာမကျန်းဖြစ်လာခဲ့သည်။ ထိုအချိန်တုန်းက သူ့ညီမလေးမှာ အလယ်တန်းတတိယနှစ်ဖြစ်၏။ ဤသို့သောအခြေအနေမျိုး၌ နိုင်ငံခြားသွားမည့်လေယာဉ်ပေါ်သို့ ပျော်ပျော်ရွှင်ရွှင် ခုန်တက်သွားရန်မှာ မည်သူတစ်ဦးတစ်ယောက်အတွက်မှ မဖြစ်နိုင်ပေ။

ရှန့်ချန်ခုန်းက သူ့ပညာရေးကိုလက်လျှော့ရန် ဖိအားအပေးခံခဲ့ရသည်။ သို့သော် ယခုတွင်မူ စာဆက်လက်လေ့လာရန် အခွင့်အရေးရှိလာခဲ့ပြီ... ဘာကြောင့်လက်လျှော့ရမည်နည်း?

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now