Chapter-39

544 73 2
                                    


ချန်လျောင် ပြုံးလိုက်သည်။ 

"ငါကလဲ မိန်းကလေးတွေကို အနိုင်ကျင့်ရတာကို မကြိုက်ပါဘူး၊ အာ.. ချင်းနန်လမ်းမှာ လူတိုင်းက ကိုယ့်ကိစ္စကိုယ်လုပ်ရမယ်လေ ချန်ကောက နားလည်ရလောက်အောင် ဉာဏ်ကောင်းပါတယ် ဟုတ်တယ်မလား"

ဒါပေါ့ ဝေ့ရိချန် နားလည်ပါတယ်။ ချင်းနန်လမ်းမှာ ဆိုင်ဖွင့်နိုင်တဲ့ အရည်အချင်းရှိသူတွေမှာ အဖြူရောင် ဒါမှမဟုတ် အနက်ရောင် နောက်ခံတစ်မျိုးမျိုး အမြဲရှိကြသည်။

( T/N : သူတို့မှာ အဆက်အသွယ်တွေရှိတယ် ဒါပေမဲ့ တချို့လူတွေက မရှင်းမရှင်းအဆက်အသွယ်တွေရှိပြီး တချို့လူတွေကတော့ သန့်ရှင်းတဲ့အဆက်အသွယ်တွေရှိတယ် )

ဝေ့ရိချန် နေရာတွင် ငြိမ်သက်စွာ ရပ်နေရင်း သူ၏သွေးထွက်နေသောလက်မောင်းကို ဆုပ်ကိုင်ထားသည်။ သူက အသက်အောင့်ထားသည့်သားရဲတစ်ကောင်အလား ၊ ချန်လျောင်က ဒီကိစ္စကို အကြီးအကျယ်မဖြစ်ချင်တော့ဘဲ ဝေ့ရိချန်ကို လုံလုံလောက်လောက် သတိပေးခဲ့ပြီးပြီဟု ထင်နေခဲ့သည်။ သူသာ ဝေ့ရိချန်ကို ဆက်ဆွပေးနေမည်ဆိုပါက ချန်လျောင် အကိုက်ခံရဖို့ပဲရှိတော့၏။ ထိုသို့ဆိုပါက သူ့ကိုယ်သူကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ရမှာမဟုတ်တော့ဘူး။

ထို့ကြောင့် နောက်ဆုံးလှောင်ပြုံးတစ်ချက်ပြုံး၍ ချန်လျောင်က သူ့ဓားကို သူ့အင်္ကျီထဲပြန်ထည့်လိုက်ပြီး အဆောက်အဦငယ်လေးထဲသို့ ပြန်ဝင်သွားခဲ့သည်။ တံခါးပိတ်လိုက်သောအခါ မီးအိမ်များအားလုံး မီးငြိမ်းသွားပြီး ဝေ့ရိချန်မှာ တစ်ဖန် မှောင်ရိပ်လွှမ်းသွားပြန်ပါသည်။

ဝေ့ရိချန် လှည့်ထွက်သွားသည်။ ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် အမှောင်ရိပ်ထဲမှထွက်လာပြီး ကျိုးနေသောလမ်းမီးတိုင်ကို မှီလျက် လက်ပိုက်ထားရင်း အော်ခေါ်လာ၏။

"ဟေ့"

ဝေ့ရိချန်၏ခြေသံများ ရပ်တန့်သွားပြီး သူမဘက်သို့ လှည့်သွားခဲ့သည်။

အမျိုးသမီးသည် ပခုံးထက်တွင် ဆံပင်ရှည်များဝဲကျနေ၏။ မီးရောင်မှိန်မှိန်ကြောင့် ဆံပင်အရောင်ကို မပြောနိုင်သော်လည်း သူမမျက်နှာကိုတော့ အနည်းငယ်ရင်းနှီးနေသည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now