Chapter-5

644 92 1
                                    


ဒီပွဲက ရွှီလျန်အတွက် ပထမဆုံးအကြိမ်ဖျော်ဖြေပွဲသွားခြင်း ၊ လေထုက သူမမျှော်လင့်ထားတာထက်တောင် အများကြီးနွေးထွေးနေခဲ့သည်။ သူမမေ့သွားခဲ့ပြီဖြစ်သည့်သံစဉ်တွေဟာလည်း သူမမှတ်ဉာဏ်တွေ၏အလေးနက်ဆုံး အတွင်းကျကျအစိတ်အပိုင်းမှပြန်ပေါ်လာခဲ့ကာ နောက်တစ်ဖန်အသက်ပြန်ဝင်လာခဲ့၏။ ပရိသတ်တွေ၏အော်ဟစ်သံတွေက သူမနားစည်ကိုရိုက်ခတ်နေပြီး သီချင်းနှင့်စာလျှင် သံစဉ်လှိုင်းတွေကယိမ်းထိုးလှုပ်ရှားနေသကဲ့သို့ ၊ နောက်ဆုံးတော့ ကျန်းကော်အာပြောတာကို သူမနားလည်သွားပြီထင်တယ်။

ဝေ့ရိချန်ကတော့ တစ်ချိန်လုံးစိတ်လှုပ်ရှားနေခဲ့၏။ သူက PUMPKIN ၏စိတ်အားထက်သန်သည့်ပရိသတ်တစ်ယောက်..PUMPKIN သီချင်းတွေက သူ၏လူငယ်ဘဝတစ်ခုလုံးကို လွှမ်းမိုးထားခဲ့သလောက်ပဲ။

ရွှီလျန်က သူမဘေးနားမှဝေ့ရိချန်တစ်ယောက် သီချင်းဆိုရင်းအော်ဟစ်နေသည်ကိုကြည့်နေ၏။ သူကလည်း သူမဘေးပတ်လည်လည်ကလူထောင်ပေါင်းများစွာနှင့်မကွာခြား ၊ သို့သော် တစ်နေ့ကျရင် သူသည်လည်း စင်ပေါ်တွင််ရပ်၍သီချင်းဆိုရမည့်လူတစ်ယောက်ဖြစ်ရန် အခွင့်အရေးရပေလိမ့်မည်။

နှစ်နာရီကျော်ကြာပြီးနောက် နောက်ဆုံးတော့ ဖျော်ဖြေပွဲကအဆုံးသတ်သွားခဲ့ပြီ ၊ စင်ပေါ်၊စင်အောက်ကလူတွေအကုန်လုံးလည်း မောပန်းနေကြပြီဖြစ်၏။ ဝေ့ရိချန်က စိတ်ခံစားချက်ပြင်းထန်နေဆဲဖြစ်တာကြောင့် အပြန်မှာတော့ ရွှီလျန်ကပဲကားမောင်းရန်တောင်းဆိုလိုက်တော့သည်။

အပြန်လမ်း၌ ဝေ့ရိချန်က ရွှီလျန်ကိုနားငြီးလောက်အောင်ပြောနေခဲ့၏။ သူက ဖျော်ဖြေပွဲအတွင်းရိုက်ကူးထားခဲ့သည့်ဗီဒီယိုကိုဖွင့်ရန် သူ့ဖုန်းကိုတောင်ထုတ်လိုက်သေးသည်။ ရွှီလျန်က ကားမောင်းရာတွင်ပဲ အာရုံစုစည်းထားတာကြောင့် သူ၏တောင်စဉ်ရေမရတွေကို အာရုံမစိုက်တော့သော်ငြားလည်း ဝေ့ရိချန်ကတော့ လွန်ခဲ့တဲ့နာရီအနည်းငယ်ကအကြောင်းအား အသေးစိတ်ပြန်ပြောပြနေရင်း သူ့ဘာသာပျော်ရွှင်နေခဲ့၏။

PUMPKIN သည်လည်း Weibo တွင်လူကြိုက်များသည့်ခေါင်းစဉ်တစ်ခုဖြစ်နေဆဲ ၊ ဝေ့ရိချန်က Weibo သုံးနေရင်း ထိုင်ခုံနှင့်ဆန့်ကျင်ဘက်ပစ်လှဲကာ အံ့အားသင့်စွာပြောလာခဲ့သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now