Chapter-23

571 92 1
                                    


ရွှီလျန် သူမအမေနှင့်အိမ်ပြန်ရောက်လာသည့်အချိန်တွင် ရှန့်ချန်ခုန်းမှာ ရောက်မလာသေးပေ။

"နင့်အဖေက ဒီထဲမှာပစ္စည်းတွေအများကြီး ဘာလို့ထည့်ထားမှန်း ငါမသိဘူး"

ရွှီလျန်အမေက သူမခရီးဆောင်အိတ်ကိုရှင်းနေရင်း မကျေမနပ်ပြောလာခဲ့သည်။ ရွှီလျန်က အနီးရှိဆိုဖာပေါ်တွင်ထိုင်နေပြီး ရှန့်ချန်ခုန်းကိုမက်ဆေ့ချ်ပို့နေ၏။

ရွှီလျန် : [ ရှင်ဘယ်မှာလဲ? ]

ရှန့်ချန်ခုန်း : [ အခုမှ ရထားပေါ်ကဆင်းတာ ကိုယ် မကြာခင် ရောက်လိမ့်မယ် ]

ရွှီလျန် : [ အင်း ကျွန်မရှင့်ကိုလာကြိုမယ် ]

ရှန့်ချန်ခုန်း : [ ရပါတယ် ကိုယ် ကိုယ့်ဘာသာလာခဲ့လိုက်မယ် ]

ရွှီလျန် : [ ကျွန်မလာကြိုချင်လို့ပါ ]

သူမ WeChat ကိုပိတ်၍ ရွှီလျန် မတ်တပ်ထရပ်ကာ

"သူကဒီကိုရောက်တော့မယ်တဲ့ သမီး သူ့ကိုသွားကြိုလိုက်ဦးမယ်"

"အေးပါ မြန်မြန်သွား"

ရွှီလျန်အမေမှာ ဤသည်ကိုကြားတော့ သူမ မြန်မြန်သန့်ရှင်းရေးလုပ်ရန် စတင်လိုက်၏။ ရွှီလျန် သော့ကိုယူပြီး အိမ်ရှေ့တံခါးကိုဖွင့်၏။ သို့သော် သူမ အိမ်ထဲမှထွက်လာသည်နှင့် အနီးရှိဓာတ်လှေကားကပွင့်လာပြီး ရှန့်ချန်ခုန်းကအပြင်ထွက်လာခဲ့သည်။ ရွှီလျန်ပြုံးရင်း သူ့ကိုအော်ခေါ်လိုက်၏။

"ရှန့်ချန်ခုန်း"

သူမခေါ်သံကိုကြားတော့ ရှန့်ချန်ခုန်းက ညင်ညင်သာသာ ပြန်ပြုံးပြလာပြီး သူမအနားသို့ မြန်မြန်လျှောက်သွား၏။

"မင်းစောင့်နေတာကြာပြီလား"

"မကြာသေးဘူး ကျွန်မတို့လည်းအခုမှရောက်တာ"

ရွှီလျန် သူ့ကို အပေါ်အောက်ကြည့်၍

"ရှင်....ဒီနေ့တစ်မူထူးနေတဲ့ပုံပဲ"

ရှန့်ချန်ခုန်း မသက်မသာဖြင့် ချောင်းဟန့်ကာ

"အာ တကယ်လား?"

"အင်း ရှင် ပုံမှန်ထက်အများကြီးပိုကြည့်ကောင်းနေတယ်လို့ ကျွန်မခံစားရတယ်"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now