Chapter-65 ( ပြောင်းရွှေ့ခြင်း )

433 53 2
                                    


မကြာသေးမီက ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့က ပြန်လည်အလှဆင်ရန် စဉ်းစားနေကြသည်။ ရွှီလျန်အနေနှင့် သူမတစ်ကိုယ်တည်းအချိန်တည်းက ဤအိမ်ကိုဝယ်ပြီး နေထိုင်ခဲ့သဖြင့် အပျိုကြီးဘ၀၏ မရေရာသောခြေရာများ ကျန်ရှိနေသေးသည်။ ရှန့်ရှင်းကို မွေးဖွားပြီးနောက် ရှန့်ချန်ခုန်းက သူတို့ နေရာအလုံအလောက် မရှိတော့မည်ကို စိုးရိမ်သဖြင့် ထိုအဆောက်အအုံတွင် နောက်ထပ်ပိုကျယ်သော နေရာအတွက် ငွေပေးချေခဲ့သည်။

အခုတော့ သူ့လုပ်ရပ်တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်မြင်လာရတယ်။ သူတို့အိမ်ရှိ အခန်းများတွင် မူကြိုစတက်သည့် တက်ကြွသော ရှန့်ရှင်းလေး မပါဝင်နိုင်တော့ပါ။ ထို့အပြင် ရှန့်ရှင်းက ညီမငယ်တစ်ဦးလိုချင်ကြောင်း သူမ၏မိဘများအား အကြိမ်ကြိမ်ပြောခဲ့သည်။

သူတို့လင်မယားနှစ်ယောက်ဟာ လောလောဆယ်မှာ ဒုတိယကလေးယူဖို့ အစီအစဉ်မရှိတာကြောင့် သမီးဖြစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေမည့်အစား အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မွေးမြူဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သို့ပေမဲ့ ဒုတိယကလေးပဲဖြစ်ဖြစ် အိမ်မွေးတိရစ္ဆာန်ပဲဖြစ်ဖြစ် အခုအချိန်မှာတော့ သူတို့အိမ်မှာ အခန်းမလုံလောက်သေးပါဘူး။

ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီးနောက် နေရာအသစ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ပြောင်းရွှေ့ခြင်းက ရိုးရှင်းသောကိစ္စမဟုတ်ပေ။ ရှန့်ချန်ခုန်းက ပိုကျယ်ဝန်းတဲ့နေရာကို ဝယ်သောအခါ သူတို့နှစ်ယောက်က ထိုနေရာကို ပြန်လည်မွမ်းမံရန် စိတ်ကူးမရှိခဲ့ဘဲ လွတ်သွားခဲ့သည်။ ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ချိန်မှာပဲ လုပ်စရာတွေ ဘယ်လောက်လိုတယ်ဆိုတာ သူတို့ သဘောပေါက်သွားကြသည်။

ပထမအဆင့် ဒီဇိုင်းများရေးဆွဲခြင်းသည်ပင် ရွှီလျန်ကို ဒုက္ခများစွာပေးခဲ့သည်။ သူတို့အိမ်အသစ်က ၎င်းတို့၏ လက်ရှိနေထိုင်သည့်နေရာထက် များစွာပိုကြီးသောကြောင့် စီစဉ်စရာများစွာရှိနေသည်။ တစ်ခုအတွက် ဧည့်ခန်းနှင့်ချိတ်ဆက်ထားသော လသာဆောင်သည် ၂၀ စတုရန်းမီတာနီးပါးရှိ၏။ လသာဆောင်ထက် နေဝင်ခန်းက ပိုကျယ်နေသည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now