Chapter-10

604 88 1
                                    


ရွှီလျန်သည် ဒီဆိုင်လေးကို လွန်ခဲ့တဲ့နှစ်နှစ်ကဖွင့်ထားခဲ့ခြင်း ၊ ဤအချိန်အတောတွင်း ဧည့်သည်မျိုးစုံနှင့် သူမတွေ့ဆုံခဲ့ဖူးသည်။ စိတ်အနှောင့်အယှက်ပေးသောကာစတန်မာများနှင့်လည်း တွေ့ကြုံဖူးသောကြောင့် ဤယောက်ျားအဖွဲ့ကိုတွေ့ချိန်၌လည်း စိတ်အေးလက်အေးရှိနေခဲ့၏။

၎င်းအဖွဲ့ဝင်လာသောအခါ သူတို့တွေသည် ကောင်မလေးနှစ်ယောက်အား ဆိုင်အပြင်ဘက်မောင်းထုတ်ကာ ရွှီလျန်သည်လည်း သူတို့အားရပ်တန့်ဖို့မကြိုးစားခဲ့ပေ ၊ ဒီလူတွေက သူမအတွက်လာခဲ့တာသိသာနေတာပဲ..ထို့ကြောင့် သူမက ကာစတန်မာတွေကို မပတ်သက်စေချင်ခဲ့။

သူမသည် သူမရှေ့ကယောက်ျားလေးယောက်ကိုကြည့်ရင်းမေး၏။

"ရှင်တို့ဘာလုပ်တာလဲ"

အဖွဲ့ကိုဦးဆောင်လာသည့်ယောက်ျားက သူမကိုပြုံးပြလျက်

"မင်းက ဝေ့ရိချန်ရဲ့ကောင်မလေးမလား အရမ်းလှတာပဲ"

ရွှီလျန် : "ကျွန်မကဝေ့ရိချန်ရဲ့ကောင်မလေးမဟုတ်ဘူး"

ထိုယောက်ျားကဆက်ပြုံးနေခဲ့ကာ သိသိသာသာကိုမယုံကြည်ခဲ့ပေ။

"အို့ ဘာမှမသိသလိုသရုပ်ဆောင်ဖို့ကြိုးစားမနေနဲ့၊ ပြော အဲဒီအယုတ်တမာကောင်ဝေ့ရိချန် ဘယ်မှာပုန်းနေတာလဲ"

"သူနိုင်ငံခြားသွားပြီ"

"နိုင်ငံခြားသွားပြီ?"

ထိုလူ၏မျက်ခုံးတွေတွန့်ချိုးသွားကာ ရယ်သွမ်းသွေးလေတော့၏။

"အဲဒီအယုတ်တမာကောင်က ငါ့ဆိုင်ကိုလာရိုက်ခွဲပြီး ငါ့လူတွေကိုလာထိုးနှက်သွားတာ အခုတော့ အဲဒီကောင်ကနိုင်ငံခြားကိုလစ်ပြေးသွားတယ်ပေါ့"

သူတို့တွေ သူ့(ဝေ့ရိချန်)ကို နှစ်ရက်ကြာရှာဖွေခဲ့တာတောင် ရှာမတွေ့တာ မထူးဆန်းတော့ဘူး။

သူက ရွှီလျန်ကိုပြန်ကြည့်ရင်း

"သူကနိုင်ငံခြားမှာဆိုတော့ မင်းနဲ့ပဲစာရင်းရှင်းရတော့မှာပေါ့"

သူကဤသို့ပြောလိုက်သည်နှင့် သူ့လူတွေထဲကတစ်ယောက်က ခင်းကျင်းပြပထားသောဗီရိုပေါ်ကဖယောင်းတိုင်တစ်တိုင်အား မတော်တဆလိုမျိုး တိုက်မိလိုက်သောကြောင့် ကြမ်းပြင်ပေါ်ခွမ်းခနဲကျသွားလေတော့သည်။ ဖယောင်းတိုင်ကို ဖန်ခွက်ထဲမှာ ပုံသွန်းထားသည့်အတွက် အောက်ကျသွားသည့်အချိန်၌ အစိတ်စိတ်အမြွှာမြွှာမကွဲသွားခဲ့ ၊ ရလဒ်အနေဖြင့် 'ဘန်း'ဆိုသည့်အသံကြောင့် ဆိုင်အပြင်ဘက်တွင်ရပ်နေသည့်မိန်းကလေးနှစ်လေးအား အလန့်တကြားဖြစ်သွားစေခဲ့သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now