Chapter-18.2

705 98 8
                                    


အပြင်ဘက်၌ ငှက်ကလေးတွေကတေးဆိုနေပြီး ရွှီလျန်အိမ်၏ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသောနေရောင်ခြည်က ရှန့်ချန်ခုန်းကိုနိုးသွားစေ၏။ သူ့မျက်ခုံးတွေတွန့်ချိုးသွားကာ ရှန့်ချန်ခုန်း မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာသည်။ စိမ်းသက်နေသောမျက်နှာကျက်၊ စိမ်းသက်နေသောအိပ်ရာနှင့်ပတ်ဝန်းကျင်... မနေ့ညကမှတ်ဉာဏ်တွေ မြန်မြန်ပြန်မရခင်ထိ ရှန့်ချန်ခုန်း စက္ကန့်အတော်ကြာလောက်ဝေဝါးနေခဲ့၏။

ရုတ်တရက် သူ ဘေးနားသို့လှည့်ကြည့်လိုက်သည်။ ရွှီလျန်ကနေရာမှာရှိမနေ...

သူ့ရင်ဘတ်က ရိုလာကိုစတာလိုမျိုးစောက်ထိုးကျသွားတော့သည်။ မနေ့ညကဘာတွေဖြစ်ခဲ့တာလဲ? အိပ်မက်တစ်ခုများလား? လုံးဝမဖြစ်နိုင်ဘူး... အမှန်တကယ်ဖြစ်ပျက်ခဲ့သလိုမျိုးခံစားခဲ့ရတာ၊ သူ့နောက်ကျောပေါ်မှာ ရွှီလျန်ပေးခဲ့တဲ့ကုတ်ခြစ်ရာတွေကိုတောင် သူခံစားရနေတုန်းပဲ...

ဒါပေမဲ့ ဒီဟာကသူ့ကိုထပ်ပြီးချောက်ချားသွားစေခဲ့သည်။ ဒီခံစားချက်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာသူမသိဘူး ၊ မနေ့ညကဟာကို ဘာအဖြစ်သတ်မှတ်ရမှာလဲ။ ရွှီလျန်..... သူမကရော ဒီကိစ္စကိုဘယ်လိုမျိုးတွေးမှာလဲ။

သူ အိပ်ရာပေါ်မှာအတန်ကြာလှဲနေပြီး သူ့အတွေးတွေကဖရိုဖရဲဖြစ်နေခဲ့၏။ နောက်ဆုံးမှာတော့ ရှန့်ချန်ခုန်းထထိုင်ကာ... သူဘာတစ်ခုမှမဝတ်ထားမှန်းတွေ့လိုက်ရလေသည်။ လှည့်ပတ်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်တွင် သူ့ဘောင်းဘီကိုတွေ့ရ၏။ ရှန့်ချန်ခုန်း ဘောင်းဘီကိုကပျာကယာဝတ်နေရင်း အနည်းငယ်လည်းရှက်ရွံ့နေခဲ့သည်။ ထို့နောက် အိပ်ခန်းတံခါးကိုဖွင့်လျက် အသံတိုးတိုးဖြင့်ခေါ်လိုက်၏။

"ရွှီလျန်?"

အိမ်ကတိတ်ဆိတ်နေပြီး မည်သူတစ်ဦးတစ်ယောက်ကမှပြန်ဖြေခြင်းမရှိ ၊ ဒီနေရာမှာ သူတစ်ယောက်တည်းသာရှိနေတဲ့ပုံပဲ။

ခေါင်းငိုက်စိုက်ကျသွားရင်းဖြင့် သူ နေရာ၌တစ်ခဏရပ်နေမိသည်။ ပြီးနောက် သူ့ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုထုတ်၍ အချိန်ကိုကြည့်လိုက်သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now