Chapter-9

594 85 1
                                    


ရှန့်ချန်ခုန်းက ဤသို့ပြောသွားသဖြင့် နေ့လည်ခင်းတစ်ခင်းလုံး ရှန့်နွမ်ကိုစာသင်ပြရင်းဖြင့်သာကုန်ဆုံးခဲ့ရတော့သည်။

ရှန့်နွမ်နားလည်ရန်အလွန်ခက်ခဲသော ၎င်းသင်္ချာမေးခွန်းတွေဟာ ရှန့်ချန်ခုန်းအတွက်တော့ ပေါင်းနုတ်မြောက်စားကဲ့သို့ အလွန်ရိုးရှင်း၏။

သူမမှတ်မိနိုင်သည့်အရွယ်ကတည်းက ရှန့်နွမ်သည် ရှန့်ချန်ခုန်းကအလွန်ထူးချွန်ထက်မြက်သည်ကိုသိ၏။ သူသည် မည်သည့်ပြိုင်ပွဲနှင့်အဆင့်တွင်မဆို ပထမနေရာကိုအမြဲရယူထားနိုင်ခဲ့သည်။ ပြန့်ကျဲနေသောသူမ၏ငယ်ဘဝအမှတ်တရများထဲတွင် သူမ၏အစ်ကိုသည် ဆုဖလားမျိုးစုံကို အိမ်သို့ယူဆောင်လာခဲ့၏။ အိမ်နီးနားချင်းတွေ သို့မဟုတ် ဆွေမျိုးတွေက သူမအား ရံဖန်ရံခါ စနောက်တက်ကြသော်လည်း ဤမျှလောက်အံ့သြစရာကောင်းသော အစ်ကိုတစ်ယောက်ရှိနေခြင်းအတွက် သူမအမြဲတမ်းဂုဏ်ယူနေခဲ့သည်။

သူမအတွက်တော့ သူတို့၏အလုပ်တာဝန်ခွဲဝေမှုက သိသာထင်ရှားစေသည် —— ရှန့်ချန်ခုန်းက ထူးချွန်ထက်မြက်ရန်တာဝန်ရှိပြီး သူမက ချစ်ဖို့ကောင်းရန်တာဝန်ရှိသည်။

ထိုမတော်တဆမှုမဖြစ်ပွါးမီအထိ...

ရှန့်ချန်ခုန်းသည် သူမမျက်လုံးတွေဝေနေသည်ကိုမြင်သောအခါ ရှန့်နွမ်အား နောက်ခေါင်းစဉ်အကြောင်းမေးရန် ခေါင်းမော့ကြည့်၏။ သူမခေါင်းအား ဘောပင်ဖြင့်ခေါက်ရင်း

"နင် နားမလည်ဘူးလား ငါ့ကိုဒါတွေကိုထပ်ပြီးရှင်းပြစေချင်သေးလား"

ရှန့်နွမ်က သူမအစ်ကိုကသက်ဆိုင်ရာပုံသေနည်းတွေကို နောက်တစ်ခေါက်ရှင်းပြရန်ရည်ရွယ်လျက် နောက်ထပ်စာရွက်အကြမ်းယူလိုက်သည်ကိုမြင်လိုက်ရလေသည်။ ခါးသက်သက်ဖြင့် သူမတိုးတိုးလေးဆိုလိုက်သည်။

"အစ်ကို တကယ်ပဲ စာဆက်ပြီးမလေ့လာတော့ဘူးလား"

ပုံသေနည်းရေးနေသည့်ဘောပင်က ရုတ်တရက် ရပ်တန့်သွားကာ စာရွက်ပေါ်တွင် အမည်းရောင်ခြစ်ရာတစ်ခုစွန်းထင်းသွားခဲ့၏။ ရှန့်ချန်ခုန်း ဘောပင်ကိုချပြီး သူ့ညီမလေးကိုကြည့်ရင်းပြုံးကာ

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now