Chapter-64 ( Date )

448 51 3
                                    



ရွှီလျန် မွေးပြီးပြီးချင်း အိပ်ပျော်သွားသော်လည်း တစ်နာရီကြာပြီးနောက် သူမနိုးလာသည်။ အားလုံးက လူနာဆောင်ထဲမှာပဲ သူမကို စောင့်နေကြ၏။ သူမကလေးလေးကလည်း အနီးနားရှိ ကလေးကုတင်တစ်လုံးပေါ်မှာ အိပ်နေသည်။

ရှန့်ချန်ခုန်းသည် ရွှီလျန်မျက်လုံးများ ပွင့်လာသည်နှင့် ချက်ချင်း သတိပြုမိပြီး သူမဘက်သို့ လှမ်းကြည့်လိုက်သည်။

"နိုးပြီလား? ဘယ်လိုခံစားနေရလဲ"

ထိုအချိန်တွင် ရွှီလျန် အိပ်ချင်မူးတူးဖြစ်နေသေးပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။ သူမပတ်ဝန်းကျင်ကို ကြည့်လိုက်မှ ဆေးရုံတက်နေရသည်ကို သတိရမိသွား၏။ သူမက ခေါင်းကိုခါယမ်းလိုက်ပြီး နည်းနည်းအက်ကွဲနေသံဖြင့် ဆိုသည်။

"ကျွန်မ အဆင်ပြေပါတယ် ကလေးလေးဘယ်မှာလဲ"

"အိပ်နေတယ် မင်း သူ့ကို ချီကြည့်ချင်ရင် ကိုယ်ခေါ်လာပေးရမလား"

ရွှီလျန် ခဏလောက်စဉ်းစားပြီး

"မဟုတ်ပါဘူး သူအိပ်နေတာကို မနှောင့်ယှက်တော့ပါဘူး.. နောက်မှ ကျွန်မ ကိုယ့်ဘာသာကြည့်လိုက်တော့မယ်"

"အင်းပါ မင်း တစ်ခုခုစားချင်လား"

"အင်း"

သူတို့စကားဝိုင်းကိုနားထောင်ရင်း အနီးနားရှိ ရှန့်နွမ်က လှမ်းပြော၏။

"ညီမ အောက်ထပ်ဆင်းပြီး ဆန်ပြုတ်သွားဝယ်လိုက်မယ်"

"မဝယ်နဲ့ ငါ အိမ်ပြန်ပြီး ကိုယ်တိုင်ချက်လိုက်မယ် မြန်မြန်လေးလုပ်ခဲ့မယ်"

"မင်းက ရွှီလျန်ကို ဂရုစိုက်သင့်တယ်.. အမေပဲပြန်သွားပြီး ချက်လိုက်မယ်"

ဝမ်းရှုလီက သူမ၏အင်္ကျီကို ကောက်ကိုင်လိုက်ပြီး ထွက်သွားသည်။ ရွှီလျန်၏လက်ကို ဆုပ်ကိုင်ထားရင်း ရှန့်ချန်ခုန်းက သူမကို ပြောသည်။

"ပြန်အိပ်တော့နော် မင်း အိပ်ရာနိုးလာတာနဲ့ စားလို့ရပြီ"

"အင်း"

ရွှီလျန် ပြန်ဖြေပြီး နောက်တစ်ကြိမ် မြန်မြန် အိပ်ပျော်သွားတော့သည်။

သူမ ပြန်နိုးလာသောအခါ ဝမ်းရှုလီက ဆန်ပြုတ်နှင့် ပြန်လာနေပြီဖြစ်သည်။ ရွှီလျန် နည်းနည်းစားပြီး သူမရင်သွေးကို သွားကြည့်ပြီးနောက် ရှန့်ချန်ခုန်းက သူမအိပ်ရာထဲသို့ ပြန်ထည့်သိပ်လိုက်၏။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now