Chapter-25

563 81 2
                                    


ရွှီလျန်ဆိုင်မှထွက်လာပြီးနောက် ဝေ့ရိချန်သည် သူ့ဘားသို့ပြန်မသွားခင် Starlight ပန်းခြံတစ်ဝိုက်၌ ဆိုင်ကယ်ပတ်မောင်းနေခဲ့သည်။ သူ့ညီအစ်ကိုတွေဟာ သူ စိတ်အခြေအနေမကောင်းမှန်း နားလည်သောကြောင့် သူတို့တွေ သူ့ကိုစကားလာမပြောရဲကြပေ။

ဝေ့ရိချန် သူ့ဘားထဲသို့ဝင်သွားသောအခါ နားနေခန်းထဲတွင်အခန်းအောင်းနေခဲ့ပြီး PUMPKIN Album တစ်ချပ်အား DVD player ထဲသို့ထည့်လိုက်သည်။ နားနေခန်းမှသီချင်းသံကျယ်ကျယ်ကိုကြားသည့်အချိန်တွင် အားမောက်မှာ မသိစိတ်အရ သူ့နားတွေကို နှိပ်နယ်မိသွား၏။ သူ့အနောက်ရှိလူကပြောသည်။

"မောက်ကော ချန်ကောကထပ်ပြီးလုပ်ပြန်ပြီ"

အားမောက် သက်ပြင်းချလိုက်မိပြီးနောက်

"သူ့ကိုလွှတ်ထားလိုက် သူ စိတ်အခြေအနေကောင်းတာမဟုတ်ဘူး"

ဝေ့ရိချန် စိတ်အခြေအနေမကောင်းသည့်အချိန်တိုင်း သူက ဒီလိုမျိုးထွက်ပေါက်ရှာတက်သည်။

နားနေခန်းထဲ၌ ဝေ့ရိချန်မှာ သူ့လေဂီတာဖြင့် တီးခတ်နေကာ သီချင်းသံထဲတွင် လုံးဝနစ်မြှုပ်နေလေ၏။ သည်တစ်ကြိမ်မှာ သူက PUMPKIN ၏နာမည်ကြီးသီချင်း 'Green Plum' ကိုဖွင့်ထားခြင်းမဟုတ်ဘဲ အခြား သူနှင့်အကျွမ်းတဝင်ရှိသော သီချင်းဟောင်းတစ်ပုဒ်ဖြစ်သည့် 'Dorothy' ကိုဖွင့်ထားခြင်းပင်။

ပြောကြတာကတော့ ဤသီချင်းကို ခေါင်းဆောင်အဆိုတော် Ray က သူတို့အဖွဲ့ကိုယ်စားလှယ်အတွက် ရေးစပ်ထားခြင်းဖြစ်၏။ သူတို့တွေက ငယ်ချစ်ဦးတွေဖြစ်ကြပြီး တကယ်တမ်း ဂီတအဖွဲ့ကို နှစ်ယောက်တည်းဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက မဂ္ဂဇင်းများနှင့်သတင်းထောက်များက သူတို့နှစ်ယောက်ဟာ ဧကန်မုချ အတူတူရှိကြလိမ့်မယ်လို့ ပြောခဲ့ကြ၏။ သို့သော် အဆုံးမှာတော့ ကိုယ်စားလှယ်က သာမန်အပြင်လူတစ်ယောက်နှင့်လက်ထပ်သွားခဲ့ပြီး နောက်ပိုင်းတွင် PUMPKIN အဖွဲ့ဖျက်သိမ်းသွားခဲ့လေသည်။

ကြည်နူးဖွယ်ကောင်လေးနှင့်ကျောက်စိမ်းမိန်းကလေးတို့အကြောင်းကို တစ်လောကလုံးကပြောခဲ့ကြသည်မှာ အဆုံးမှာတော့ စိတ်ကူးယဉ်ဆန်သောတွေးခေါ်မှုတစ်ခုသာဖြစ်သည်ဟုပင်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now