Chapter-16

606 92 1
                                    


ရှန့်ချန်ခုန်းသည် ဝမ်ကောက သူ့လိပ်စာကို ရွှီလျန်အား ဘယ်လိုပြောပြလိုက်မှန်းမသိပေမဲ့ ရွှီလျန်က သူ့အိမ်ကိုကားမောင်းပြီးရောက်လာရတဲ့အထိ အမှန်တကယ်စိုးရိမ်နေမှန်း သူနားလည်ပါသည်။ ရှန့်ချန်ခုန်းက ရွှီလျန်ကိုကြည့်လျက်

"ကျွန်တော် တကယ်အဆင်ပြေပါတယ်၊ မင်း ကျွန်တော့်ဒဏ်ရာတွေကို အလေးအနက်ထားနေစရာမလိုပါဘူး ပြီးတော့ ဘယ်လျော်ကြေးကိုမှလည်း ကျွန်တော်မလိုအပ်ပါဘူး"

ရွှီလျန်သည် သူမကလေးအရွယ်ကတည်းက မည်သူတစ်ဦးတစ်ယောက်နှင့်မှ မရင်းနှီးခဲ့ဖူးသလို မည်သူ့အပေါ်ကိုမှလည်း အကြွေးမတင်ခဲ့ဖူးပေ ၊ လက်ရှိအချိန်မှာတော့ သူမတွေ့ကြုံနေရလေပြီ.. ရွှီလျန် မစိုးရိမ်ဘဲမနေနိုင်တော့။ သူကဒဏ်ရာရခဲ့ရုံသာမက သူ့အလုပ်ကနေတိုင်ကြားချက်တွေတောင်ရခဲ့သေး၏။

သူမအတွက်တော့ ရှန့်ချန်ခုန်းသည် သူ၏ဆုံးရှုံးမှုအတွက် လျော်ကြေးငွေအချို့ကိုလက်ခံရရှိရန် ကျိုးကြောင်းဆီလျော်တာထက်တောင်ပို၏။ သို့သော် ရှန့်ချန်ခုန်းက သူမအား မလိုအပ်တဲ့အကြောင်း ထပ်ခါတလဲလဲပြောနေသည့်အတွက် သူ့ကိုထပ်ပြီးဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ရွှီလျန်အလျော့ပေးလိုက်ရတော့သည်။

"ကောင်းပြီ၊ ဒါပေမဲ့ ဆေးဖက်ဝင်အရက်ကိုလိမ်းဖို့တော့မမေ့နဲ့နော် ရှင့်မှာအခြားမေးခွန်းတွေရှိရင် ကျွန်မကိုသေချာမေးပါ...  ဆိုင်ကိုအချိန်မရွေး ရှင်လာလို့ရတယ်"

"အိုကေ ကျွန်တော်သိပါပြီ"

နှစ်ယောက်ကြား၌ ခဏတာတိတ်ဆိတ်မှုကြီးစိုးသွား၏။ ထို့နောက် ရွှီလျန်က

"ဒါဆို ကျွန်မသွားတော့မယ်နော်"

သူမနောက်လှည့်၍ ကားတံခါးဖွင့်ကာ အထဲဝင်သွား၏။

ဘက်စကတ်ကွင်းမှာရပ်နေရင်း ရှန့်ချန်ခုန်းသည် အပေါ်ပြန်မတက်ခင် တဖြည်းဖြည်း သူမကားမောင်းထွက်သွားသည်အား စောင့်ကြည့်နေခဲ့သည်။ သူ့လက်ထဲ၌ ရွှီလျန် သူ့ကိုပေးခဲ့သောဆေးဖက်ဝင်အရက်ပုလင်းရှိနေ၏။ ဤပုလင်းက သူမဆိုင်မှာ ရွှီလျန် သူ့ကိုလိမ်းပေးခဲ့သည့်ပုလင်းမဟုတ် ၊ အသစ်ပုလင်းဖြစ်ကာ ဖွင့်ဖောက်အသုံးမပြုရသေးပေ။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now