Chapter-37

524 72 1
                                    



ရွှီလျန် ရှန့်ချန်ခုန်းနှင့်စကားပြောနေသည်အား အဆုံးသတ်ပြီး ရှန့်နွမ်ကို ပြန်ကြည့်၏။

"လာ မင်းကိုအိမ်ပြန်ပို့ပေးမယ် ဒီအကြောင်းကို မင်းအစ်ကိုနဲ့ မျက်နှာချင်းဆိုင်ပြောလိုက်တာ ပိုကောင်းတယ်"

ရွီလျန်နှင့်ရှန့်နွမ်တို့နှစ်ယောက်သား ရှန့်နွမ်အိမ်သို့ရောက်ရှိလာချိန်မှာတော့ ရှန့်ချန်ခုန်းက စားပွဲပေါ်တွင် နေ့လယ်စာပြင်ဆင်ထားပြီးပြီ။

ရှန့်နွမ်က ရွှီလျန်အနောက်မှ အထဲသို့လိုက်ဝင်သွားပေမဲ့လည်း သူမ ရှန့်ချန်ခုန်းကိုတော့ မကြည့်ရဲသေး ၊ ရှန့်ချန်ခုန်းက ထမင်းပန်းကန်ယူရန် မီးဖိုချောင်ထဲသို့ဝင်သွား၏။ သူ စားပွဲပေါ် နေရာချထားပြီးသည်နှင့်

"အရင်ဆုံးစားလိုက် ဆောင်းရာသီမှာဆို အစားအသောက်တွေက အေးလွယ်တယ်"

ယခင်က သူမတစ်ယောက်တည်း ဝမ်းရှုလီနှင့်နှစ်ကြိမ်တိုင်တိုင် အချိိန်ကုန်ဆုံးခဲ့ပြီးနောက် ရွှီလျန်မှာ သူမ(ဝမ်းရှုလီ)ကို ပထမဆုံးအကြိမ်တွေ့သည့်အချိန်ကထက်စာလျှင် ယခုအချိန်တွင် ပို၍သက်သောင့်သက်သာ မျက်နှာချင်းဆိုင်နေနိုင်ပြီဖြစ်သည်။ ရွှီလျန်က ဝမ်းရှုလီနှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ပြီး သူမအား ပြုံးပြလိုက်သည်။

"မင်္ဂလာပါ အန်တီ ကျွန်မထပ်ရောက်လာပါပြီ"

ပြန်တုံ့ပြန်ခြင်းမရှိဘဲ ဝမ်းရှုလီက သူမတူတွေကို ကောက်ကိုင်၍ ထမင်းပန်းကန်ကိုယူကာ တိတ်တဆိတ် နေ့လယ်စာစားတော့သည်။ ရှန့်နွမ်ကမူ ရှန့်ချန်ခုန်းနှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေကာ သူမထမင်းပန်းကန်ထဲမှာပဲ ခေါင်းငုံ့ထားပါ၏။

"ကျေးဇူးပါပဲ"

သူမပန်းကန်ထဲက အသားလုံးကိုမြင်တော့ ရွှီလျန်က သူမတူတွေဖြင့် ထိုးခွဲလိုက်ရာ တစ်ကိုက်ကိုက်လိုက်သည်။ ရှန့်ချန်ခုန်းက ပြုံးရင်းဖြင့်

"ကိုယ် မင်းကို ဇွန်းယူပေးရမလား? ဇွန်းနဲ့ယူမယ်ဆိုရင် ပိုလွယ်လိမ့်မယ်"

"ကောင်းပါပြီ"

ရွှီလျန်က သူ နေရာမှထ၊ မီးဖိုချောင်ထဲသွားကာ ဇွန်းတစ်ချောင်းဖြင့် ပြန်ရောက်လာသည်ကို စောင့်ကြည့်နေ၏။ သူမ ကမ်းပေးလာသောဇွန်းကို ယူပြီး နောက်ထပ်အသားလုံးတစ်လုံးအား ဇွန်းဖြင့်ခပ်၍ ရှန့်ချန်ခုန်းပန်းကန်ထဲ ထည့်ပေးလိုက်သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now