Chapter-33

525 82 2
                                    



ရှန့်ချန်ခုန်းသည် ဘယ်တုန်းကမှ ချိုချိုသာသာပြောဆိုတက်သောကောင်လေးမျိုး မဟုတ်ခဲ့ပေ။ ငယ်ငယ်တုန်းက သူညီမလေးငိုတဲ့အချိန်ကတောင် သူ သူမကို မချော့နိုင်ခဲ့ ၊ တခြားမိန်းကလေးကို သူက ဘယ်လိုလုပ် အောင်အောင်မြင်မြင် ချော့နိုင်မည်နည်း?

ရှန့်ချန်ခုန်းက ရွှီလျန်ကို မျက်ခုံးတွန့်လျက် စောင်းငဲ့ကြည့်ပြီး

"မင်း ကိုယ့်ကို ဘယ်လိုချော့စေချင်လဲ"

"ဒါတော့ ရှင်ကိုယ်တိုင်ပဲ စဉ်းစားလိုက်"

ရှန့်ချန်ခုန်းသည် ဒုက္ခရောက်နေသောအမူအရာအား တမင်တကာ ဖော်ပြလိုက်သည်။

"ဒါက တော်တော်ခက်တယ် မင်းက ချော့ရတာအရမ်းခက်မဲ့ပုံပဲ"

ရွှီလျန် ပခုံးတွန့်လျက်

"ကျွန်မတို့ လူတစ်ယောက်ရဲ့အသွင်အပြင်ကို ကြည့်မယ်ဆိုရင် ရှင်က လူတွေကိုချော့တာ အရမ်းတော်တဲ့ပုံပေါက်တယ်လို့ ကျွန်မပြောချင်တယ်"

ရှန့်ချန်ခုန်း ရယ်မောနေပြီး ဘာမှမဆိုပေ ၊ သူက သူမလက်ကိုသာ နည်းနည်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

သူတို့နှစ်ယောက်က ပန်းခြံလေးထဲတွင် အချိန်နည်းနည်းကြာကြာ ထိုင်နေခဲ့ပြီးနောက် ရှန့်ချန်ခုန်းအိမ်သို့ ပြန်သွားသည်။ ရွှီလျန်က အပေါ်လိုက်မတက်သွားတော့ဘဲ ထိုအစား သူမကားဆီသို့သွားကာ ရှန့်ချန်ခုန်းက သူမနှင့်အတူလိုက်လာခဲ့သည်။ သူက အပေါ်ပြန်မတက်ခင် သူမထွက်သွားသည်ကိုစောင့်ကြည့်ရန် ရည်ရွယ်ထားခဲ့၏။

ရွှီလျန် ကားတံခါးဖွင့်လိုက်သည်။ သူမ အထဲမဝင်ခင် ရှန့်ချန်ခုန်းကို ပြန်ကြည့်၏။

"ပုံမှန်ဆို ရှင့်အမေက အိမ်မှာတစ်ယောက်ထဲရှိနေတာလား"

ရှန့်ချန်ခုန်း ခေါင်းညိတ်ပြရင်း သူ့မျက်လုံးတွေက မေးခွန်းကြောင့် မှေးမှိန်သွားခဲ့သည်။

"သူမရဲ့သူငယ်ချင်းဟောင်းတွေကတော့ မကြာခဏ ရောက်လာတက်တယ်၊ သူတို့နဲ့ အပြင်ထွက်လိမ့်မယ်လို့ မျှော်လင့်ပြီး စကားပြောကြပေမဲ့ အမေက အမြဲတမ်း ငြင်းတယ်"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now