Chapter-47

651 78 3
                                    



ရွှီလျန်ကို နေ့လယ်စာပို့ပေးရန် စီစဉ်ထားသောကြောင့် မနက်စာစားပြီးနောက် ရှန့်ချန်ခုန်း မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့သည်။ ဝမ်းရှုလီက သူနှင့်အတူလိုက်သွားပြီး

"အမေ တစ်ယောက်တည်း နေ့လယ်စာချက်လို့ရပါတယ် အမေ မလှုပ်ရှားတာကြာပြီမလို့ ချက်ပြုတ်ရင်းနဲ့ ဖြည်းဖြည်းချင်း အားပြန်မွေးချင်တယ်"

ရှန့်ချန်ခုန်း ပြန်ဖြေရင်း အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရပါ၏။

"ကျွန်တော် ဒီနေ့ နေ့လယ်စာလုပ်ပေးမယ်လို့ ရွှီလျန်ကို ကတိပေးထားလို့ပါ"

ဝမ်းရှုလီ ချက်ချင်းနားလည်သွားသည်။ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ကို သတိပေးလာကာ

"မိန်းကလေးတွေကိုပိုးပန်းဖို့က စိတ်ရှည်ဖို့လိုတယ်"

"ကျွန်တော်သိပါတယ် အမေ"

ရှန့်ချန်ခုန်းက ဟင်းအမယ်အချို့ကို အိုးတစ်အိုးထဲလောင်းထည့်လိုက်ပြီး

"မီးဖိုချောင်ကမီးခိုးတွေနဲ့ပြည့်နေတော့မှာဆိုတော့ အမေ ဧည့်ခန်းမှာ သွားအနားယူသင့်တယ်"

"ဟုတ်ပါပြီ"

ဝမ်းရှုလီ ဧည့်ခန်းထဲသို့ဝင်သွားပြီးနောက် သူမဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမ၏ယခင်နံပါတ်က အသုံးမဝင်သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ယွမ်ရာပေါင်းများစွာတန်သောအသစ်တစ်လုံးရရန် ရှန့်ချန်ခုန်းအား အကူအညီတောင်းခဲ့သည်။ ဝန်ဆောင်မှုပေးသူများ၏အပြောင်းအလဲက သူမ၏သိမ်းဆည်းထားသော အဆက်အသွယ်အားလုံးကို မဖယ်ရှားခဲ့ပါ။ ယခု ဝမ်းရှုလီ ရင်းနှီးသောနာမည်များကို အထက်အောက်ရွေ့ကြည့်နေရင်း သူမနှလုံးသားမှာ မနေနိုင်ဘဲ လှုပ်ခတ်လာရသည်။

လွန်ခဲ့သည့်သုံးနှစ်အတွင်း သူမ ကိစ္စများစွာကို လျစ်လျူရှုထားခဲ့သည်။ ပါးပါးရှန့်ဆုံးပါးသွားပေမဲ့လည်း သူမအနားမှာ အသက်ရှင်နေသေးသောသူတွေ အများကြီးရှိနေပါသေးသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူမထံ အကအဖွဲ့မှသူငယ်ချင်းအများအပြား လာရောက်လည်ပတ်ခဲ့ကြသော်လည်း သူမက တခါမှ မျက်နှာသာမပေးခဲ့ပေ။ နောက်ကြောင်းပြန်ကြည့်ရလျှင် ဝမ်းရှုလီ သူတို့ကိုတွေ့ရမှာ အရမ်းရှက်ရွံ့နေခဲ့သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now