Chapter-22

560 98 6
                                    


ယနေ့ ရွှီလျန်မှာ သူမဆိုင်တွင်သာအလုပ်လုပ်ဆဲရှိနေသေးသည်။ သူမနဲ့ရှန့်ချန်ခုန်းက ယနေ့နေ့လည်ပိုင်း (၃:၂၀)တွင် ရုပ်ရှင်ကြည့်ရန်ချိန်းဆိုထားခဲ့သည်။ ရုပ်ရှင်ကြည့်ပြီးနောက် သူတို့နှစ်ယောက်က ညစာအတူတူသွားစားကြမှာဖြစ်၏။ သူတို့နှစ်ယောက်တွေ့ရမည့်အချိန်ရောက်တော့မှာကိုသတိရတော့ ရွှီလျန်မှာ သူမအလုပ်ခန်းကိုသန့်ရှင်းရေးလုပ်ကာ ကျန်းကော်အာကိုစကားပြောရန် အောက်ထပ်ဆင်းလာခဲ့သည်။

"ငါအပြင်သွားတော့မယ် ခြောက်နာရီခွဲကျရင်ဆိုင်ပိတ်လိုက်တော့နော်"

"ဟုတ်ကဲ့ပါ ဘော့စ် ဖြည်းဖြည်းချင်းသွားနော်!"

ရွှီလျန်က တံခါးကိုပိတ်ရင်း သူမကိုပြန်လှည့်ကြည့်လိုက်သည်။ ကျန်းကော်အာ၏ထူးထူးဆန်းဆန်းစကားတွေကိုလျစ်လျူရှုကာ ပြန်လှည့်ပြီး သူမကားဆီသို့လျှောက်သွားလေသည်။

သူမမြင်ကွင်းထဲမှရွှီလျန်ထွက်သွားသည်နှင့် ကျန်းကော်အာသည် ချက်ချင်းပင် သူမမှတ်စုစာအုပ်လေးကိုထုတ်၍ ရေးမှတ်လိုက်သည် — 'ဒီနေ့ ဘော့စ်က အဲဒီအစ်ကိုလေးနဲ့ဒိတ်ဖို့အတွက် အပြင်ထွက်သွားတယ်၊ ဘော့စ်က သူမပုံမှန်ဆိုးနေကျနှုတ်ခမ်းနီကိုတောင် အခြားမတူတဲ့အရောင်တစ်မျိုးနဲ့ အထူးတလည်ပြောင်းပြီးဆိုးထားသေးတယ််! နောက်ဆုံးကျတော့ ဘော့စ်မှာလည်းအပျိုလေးတစ်ယောက်ရဲ့နှလုံးသားရှိနေသေးတာပဲ!!'

ရွှီလျန် သူမကားထဲသို့ဝင်ပြီးနောက် နောက်ကြည့်မှန်ကိုသုံး၍ သူမဆံပင်ကိုသပ်ရပ်အောင်ပြင်လိုက်သည်။ သူမ ကားစထွက်တော့မည့်အချိန်၌ သူမဖုန်းသံမြည်လာ၏။ ရှန့်ချန်ခုန်းပဲဖြစ်မယ်လို့ထင်၍ ချက်ချင်း သူမအိတ်ကိုဖွင့်လိုက်သည်။ သို့သော်လည်း သူမဖုန်းထုတ်လိုက်သည့်အချိန်တွင် ဖုန်းမျက်နှာပြင်ရှိနာမည်မှာ သူမအမေဖြစ်နေခဲ့၏။

သူမ ဖုန်းပြန်ဖြေရင်း စိတ်ရှုပ်ထွေးဟန်ဖြင့်မေး၏။

"အမေ? ဘာဖြစ်လို့လဲ?"

ရွှီလျန်အမေက ပျော်ရွှင်နေသောအသံဖြင့်ပြန်ဖြေ၏။

"သမီးလေး အမေအခုလေဆိပ်မှာ အမေ့ကိုလာတွေ့ပါဦး"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now