Chapter-48

888 82 6
                                    


ရှန်လင်၏စိတ်နေစိတ်ထားက ကြီးစိုးခြယ်လှယ်တတ်သောသူ့အမေဖြစ်သူနှင့်မတူ။ သူ့မျက်နှာကဖြူဖွေးနူးညံ့ပြီး နှာတံတစ်လျှောက်ပေါ်တွင်နေရာယူထားသော မျက်မှန်တစ်စုံရှိနေ၏။ သူ ရှန့်ချန်ခုန်းကိုတွေ့သောအခါ တစ်ခုခုပြောနေချင်ပုံရသလို ကြည့်နေခဲ့ပါသည်။ သို့သော်လည်း ရှန့်နွမ်က သူပြောလာမည့်စကားကို စောင့်မနေ။ သူမက ရှန့်ချန်ခုန်းကိုဆွဲခေါ်ပြီး လှေကားမှဆင်းသွားတော့သည်။

အဆောက်အဦးမှထွက်လာသောအခါ ရှန့်ချန်ခုန်းက ရှန့်နွမ်ကိုစိုက်ကြည့်ရင်း မေးလာ၏။

"အဲဒါ ရှန်လင်မဟုတ်လား"

"ဟုတ်တယ်"

ရှန့်နွမ် သူမအစ်ကိုကြီးကို ပြန်မေး၏။

"ချိုင်လောင်ရှစ်နဲ့ရှန်လင်ရဲ့အမေက အစ်ကို့ကို ဘာတွေပြောလိုက်တာလဲ"

"နင်နဲ့ရှန်လင်က တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြတာလို့ သူတို့ကပြောတယ်"

"......."

ရှန့်နွမ် အတင်းအဖျင်းပြောတတ်သော သူမ၏အတန်းဖော်များကို တကယ်မုန်းတီးခဲ့သည်။ အများအားဖြင့်တော့ လူနှစ်ယောက် အကြာကြီးအတူတူရှိနေသမျှကာလပတ်လုံး လူတွေက သူတို့နှစ်ယောက်ကို ချစ်သူတွေဖြစ်အောင် စနောက်ကျီစယ်လာကြလိမ့်မည်။ ရှန်လင်နှင့်သူမတို့ပင် ပါဝင်ပတ်သတ်လာကြသည်။

သို့သော် ရှန်လင်အမေဟာ ရှန်လင်၏ကျောင်းအခြေအနေအပေါ် အလွန်အလေးထားသည်။ ရှန်လင်က အပတ်စဉ်စာမေးပွဲတွင် နှစ်နေရာကျဆင်းသွားချိန်မှာတော့ သူ့အမေမှာ ကောင်းကင်ကြီးပြိုလဲသွားသလို ခံစားနေရ၏။

ရှန့်နွမ်ကသာ အပြစ်တင်ခံရသောသူအဖြစ် အဆုံးသတ်သွားခဲ့သည်။

"ညီမတို့ကတွဲနေတာမဟုတ်ဘူး သူက ညီမစာလုပ်တာကို ကူညီပေးနေရုံပဲ"

ရှန့်နွမ်က ကြိုးစား၍ရှင်းပြ၏။

"အရင်တစ်ခေါက်စာမေးပွဲပြီးတော့ သူက ညီမကိုကူညီပေးမယ်လို့ပြောခဲ့တာ.. သူသင်တာပိုကောင်းလား အစ်ကိုသင်တာပိုကောင်းလားဆိုတာ သိချင်ရုံပဲ"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now