Author's snow ski speech🎿

570 10 0
                                    

(ဆောင်းတွင်းတုန်းကစ publish တဲ့ book မှာ အပိုင်းမဆံ့လို့ ZG version သက်သက်လုပ်ပေးထားတာပေမယ့် Author talk တွေကိုလည်း အကုန် Ctrl C Ctrl V ထားပါမယ်ဗျ။ ဟိုဘက် book ကနေ ကူးလာတဲ့သူက ကျွန်တော့် accent နဲ့ရင်းနှီးပြီးသားပေမယ့် စဖတ်တဲ့ ZG users တွေအတွက် လိုအပ်မယ်ထင်လို့ပါ။ Thank you for coming here!)

💬 Hewwo! Novella ပါ။

ဒီဇင်ဘာအမီ ဒီဇင်ဘာ theme fic လေး ပစ်ချလိုက်ပါပြီ။ ဆောင်းရာသီအထူးလက်ဆောင်ထုပ်လို့ သဘောထားနိုင်ပါတယ်။ ပွေ့ထားရင် နွေးပါတယ်။ မယုံရင် စမ်းကြည့်ပါ။ 💝⊂⁠(⁠'⁠・⁠◡⁠・⁠⊂⁠ ⁠)⁠∘⁠˚⁠˳⁠°

အမြန်ခရီးနဲ့ နှင်းလျှောစီးပြီး မိတ်ဆက်ရမယ်ဆို လွန်ခဲ့တဲ့နှစ်နှစ် ဒီဇင်ဘာကပေါ့။ Novella တစ်ယောက် family case တွေနဲ့ နောင်ဂျိန်ပလေးနေရင်း copium ရှာမိရှာရာ ရှာလိုက်မိတာ Heartless December ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတစ်ပုဒ် မွေးဖွားလာပါသတဲ့။ ပုံပြင်မဟုတ်ပါဘူး။ နံနက် ၃ နာရီမှာမက်တဲ့ အိပ်မက်ပါ။ ခုတော့ အိပ်မက်မဟုတ်‌တော့ဘဲ စာရွက်တွေ ဖြစ်သွားပါတယ်။ (ရှုပ်နေရင် ဇာတ်လမ်းပြီးမှ သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်။ မိုက်ကောင်းကောင်း မ၀ယ်နိုင်သေးလို့ w။)

အဲ့တော့ HD က ဘာလဲဆိုရင် ကြည်တောက်ပြတ်သားတဲ့
4k resolution... အဲ... Heartless December လို့ခေါ်တဲ့ romance, sol, sitcom fiction ဖြစ်ပါတယ်။ HD မှာ ဘာတွေပါမလဲ။ နာမည်အတိုင်း နှလုံးသားမရှိတဲ့ဒီဇင်ဘာ ပါမယ်။ အဲ့ဒီ ဒီဇင်ဘာလမှာ ၀င်တိုက်မိကြတဲ့ L ခွန်းနဲ့ လင်းခန့် ဆိုတဲ့ အသက် ၆ နှစ်ကွာတဲ့ လူငယ်လေးနှစ်ယောက်ပါမယ်။ မာဖလာတွေပါမယ်။ ဆွယ်တာတွေပါမယ်။ chocolate milk ပူပူလေးတွေပါမယ်။ အဝိုင်းကြီးလား၊ လေးထောင့်ကြီးလား မသိရတဲ့အချစ်ကို ကိုယ့်အမြင်နဲ့ကိုယ်အဓိပ္ပာယ်ဖွင့်တာတွေ ပါမယ်။ နှလုံးသားဆိုလား ဘာဆိုလားပါမယ် (ခေါင်းစဉ်အရဆိုရင်တော့ ပျောက်နေတဲ့ နတ္ထိအရာကြီးပဲဗျာ)။ သေချာတာကတော့ ကျွန်တော့်ရဲ့အပိုင်းအစတွေ ပါမယ်။ yea I'm broken so I put my pieces into my fics. Black magic!✨။ အချိုမုန့်အပိုင်းအစတွေ၊ ဟာသအပိုင်းအစတွေ၊ အတွေးအပိုင်းအစတွေ၊ ဝေဒနာအပိုင်းအစတွေ အပိုင်းအစတွေစုပြီး တောင်ပုံကြီးဖြစ်လာသလိုပဲ။ အဲ့ဒီအပိုင်းအစပုံကြီးကို super glue နဲ့ ကြည့်ကောင်းအောင် ကပ်လိုက်တော့ ၀င်ထိုင်လို့ရတဲ့ အိမ်တစ်အိမ်ဖြစ်လာတယ်။ အဲ့ဒီအိမ်ကို ကျွန်တော်တစ်ယောက်တည်း ဆေးသုတ်နေခဲ့တာ နှစ်တွေကြာပေါ့။

အစကတော့ ဒီအိမ်လေးထဲ လူခေါ်သွင်းဖို့ တွန့်ဆုတ်နေခဲ့တယ်။ irl ပြဿနာတွေကြားက ရုန်းထွက်တဲ့ စိတ်ထွက်ပေါက်အနေနဲ့ ဘာမှမပြင်ဆင်ဘဲ စိတ်သွားသလို ရေးထားတဲ့ romantic comedy fic ဖြစ်တာကတစ်ကြောင်း၊ anti-social သမားမို့ no fri, no fame ဖြစ်နေတာက တစ်ကြောင်း၊ စာရေးသူများရဲ့ ပလုံပလန်ဖြစ်တဲ့ ကိုယ့်ဂေါက်ကြောင်ကြောင်အတွေးတွေ လူမြင်ရင် ဘယ်နှယ့်နေမလဲ ဆိုတာကတစ်ကြောင်း အကြောင်းကြောင်းနဲ့ အိမ်တံခါးချိတ်ပိတ်ပြီး ကိုယ်ဆေးခြယ်ချင်သလိုခြယ်နေခဲ့တာပါ။
အခုတော့ မှော်အတတ်သုံးပြီးပဲဖြစ်ဖြစ် ကျွန်တော်တစ်ယောက်တည်း ကြိုးစားပမ်းစား ဆောက်ထားတဲ့ အိမ်လေးဆီ လူအများကြီးကို ဖိတ်ခေါ်ချင်လာတယ်။ မထင်မရှားနေရာလေးဆိုပေမယ့် ဆောင်းတွင်းမှာ နွေးနွေးထွေးထွေးစုထိုင်ရင်း စကားဝိုင်းဖွဲ့ပြောတာ၊ ကြယ်ကြည့်ရင်း အိပ်မက်တွေမက်တာလောက်တော့ ကောင်းကောင်းကြီးလုပ်လို့ရတဲ့ နေရာလေးတစ်ခုအဖြစ် ပုံသွင်းချင်မိတယ်။ Novella က စာရေးတာကြာပြီဆိုပေမယ့် wp ကို November လကုန်ခါနီးကမှ‌ ရောက်ချလာတဲ့ Author အသစ်ဖြစ်တာမို့ ကျွန်တော့်စာတွေမှာ လိုအပ်တာရှိရင် အကြံပေးထောက်ပြနိုင်ပါတယ်။ ကျွန်တော့် works တွေကို စိတ်ဝင်တစားရှိ‌ပေးတဲ့ တစ်ဦးချင်းစီတိုင်းကိုလည်း တန်ဖိုးထားပါတယ်။ I'm very grateful that you came here. If you enjoy reading my stories, you can just drop stars, cmts, recommendations anything that you feel like giving it to me as an appreciation, a reward. That means a lot to me. <33

ကဲပါ...။ ပြောစရာအများကြီးကို စကီးစီးသလို အတိုချုံ့ပြီး ရှေ့ပြေးပြောပြီးပြီဆိုတော့ ရောက်လာတဲ့ ဧည့်သည်တော်များကို တံခါးဖွင့်ပေးရမှာပေါ့။ မီးလင်းဖိုကို မီးထည့်၊ ကော်ဇောနဲ့ ထိုင်စရာတွေကို သန့်ရှင်းပြီးရင် ချောကလက်ပူပူလေးလည်း ဖျော်ရအုံးမယ်။ နှင်းပုံကြားထဲမှာဆောက်ထားတဲ့ ကျွန်တော့်ရဲ့ မုန့်ချပ်အိမ်လေးဆီကနေ ကြိုဆိုပါတယ်။

I can swear that this place is definitely warm, cozy and bona fide. So, take a seat and just admire how will I please you in HD! 💖

LET'S FKING GO!!! Wheee~ ⛷️❄️

Novella ✒️

Heartless December❄️ ZG version Waar verhalen tot leven komen. Ontdek het nu