အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်

10 2 0
                                    

❄️❄️❄️

"ကိုကို!!!"

ကျွန်တော်‌‌ပုန်းနေရာက ပြေးသွားပြီး သူ့လုပ်ရပ်ကိုတားဆီးလိုက်ပေမယ့် သွေးထွက်သံယိုတွေကို မကာကွယ်လိုက်နိုင်ဘူး။ ကိုကို့လည်တိုင်မှာ ဓားရာက ရဲခနဲဖြာလာတဲ့သွေးစီးကြောင်းနဲ့အတူ ပေါ်လာတယ်။ ဓားသွားဟာ လည်တိုင်မှာကန့်လန့်ဖြတ်အနေအထားနဲ့ ရပ်တန့်နေဆဲ။

"ခွန်း!! ဓားကို ချလိုက်! ငါတောင်းပန်ပါတယ်!"

"..."

ကျွန်တော်ဆုပ်ဖမ်းထားတဲ့ ကိုကို့လက်က ရေခဲကိုထိရသလို အေးစက်နေပြီး သွေးစက်တွေကတော့ မီးစ‌လိုပူနွေးလို့။

"ငါတကယ် တောင်းပန်ပါတယ် ခွန်းရာ...
အဲ့ဒါကြောင့် စိတ်အေးအေးထားပြီး ခဏလေး..."

မျှော်လင့်မထားတဲ့အရာဖြစ်သွားတာကို မြင်လိုက်ရလို့ မှင်သက်နေရာက သတိဝင်လာတဲ့အာကာဝေယံက ခြောက်ကပ်နေတဲ့အသံနဲ့နားချရင်း အနားကိုတိုးကပ်လာဖို့ ပြင်လိုက်တယ်။

"မလာနဲ့!!!"

"..."

ကိုကို့ရဲ့ ခေါင်းငုံ့ပြီးအော်လိုက်သံက နှစ်မီတာအကွာကလူရဲ့ခြေလှမ်းတွေကို တန့်ခနဲရပ်သွားစေတယ်။

"ခွန်း..."

"ငါ့နာမည်ကို မခေါ်နဲ့!!"

"..."

အသံကိုကျယ်ကျယ်ထုတ်လိုက်တဲ့အလျောက် လည်တိုင်ကသွေးတွေဟာ ရဲရဲသည်းသည်းစိမ့်ထွက်လာလို့။

"ရှေ့ထပ်တိုးလာရင် ငါ့အလောင်းကောက်ဖို့ကိုပဲ တွေးထားလိုက်!"

"ငါ... ငါတောင်းပန်ပါတယ်... မင်းအနားမလာစေချင်ရင် မလာပါဘူး၊ အဲ့ဒါကြောင့် ဓားကိုအရင်ချပြီး..."

"ငါ မင်းကို မုန်းတယ် အာကာဝေယံ!"

"..."

"ဒီစကားပြောထွက်ဖို့ရာ အချိန်အကြာကြီးဆွံ့အနေခဲ့တဲ့ ‌ငါ့ကိုယ်ငါလည်း မုန်းတယ်! မင်းကိုချစ်ခဲ့မိတဲ့အတွက်မုန်းသလို မင်းအချစ်တွေကို ယူခဲ့မိတဲ့အတွက်လည်းမုန်းတယ်! မုန်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ရွံရှာလာတဲ့အထိပဲ..."

Heartless December❄️ ZG version Onde histórias criam vida. Descubra agora