အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ

6 4 0
                                    

❄️❄️❄️

ဒီဇင်ဘာလဆန်း 10 ရက်နေ့။
ကိုကို့ကို physical check up အတွက် လိုက်ပို့ရင်း မတွေ့ရတာကြာတဲ့ ငယ်ပေါင်းနှစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ မတွေ့ရတာကြာပြီဖြစ်ကြောင်းပြောပြီး လှည့်ထွက်ဖို့ကြံတုန်းမှာပဲ နှစ်‌ကောင်သားက ဆွဲထားပြီး သူတို့ကိုယ်ပေါ်ကဒဏ်ရာကိုယ်စီကို လှပ်ပြရင်း ဇာတ်ခင်းကြတော့တာပဲ။

"ဘယ်လိုထင်လဲ... ငါတို့အရင်တစ်ခေါက် ရှမ်းပြည်ရောက်တာ ရည်းစားကိုယ်စီရတော့မလို့၊
နော အငယ်ကောင်... မင်းနဲ့ငါ ပထမဆုံး အဝေအခွဲမျှတာလေ..."

"အင်း... အငယ်ကောင်လို့မခေါ်နဲ့ ရွံစရာကြီး..."

"ဒဏ်ရာရလာပုံကြည့်ရင် မရခဲ့ဘူးမလား၊ ရည်းစား... "

ဖူးစာရေးနတ်က မြှားဝေးဝေးပစ်ထားလို့နေမယ်ဆိုပြီး တောင်ပေါ်‌မြေပြန့်မရွေး လူပျိုလှည့်နေတဲ့ ကိုယ်တော်ချောနှစ်ယောက်ဟာ ဒီတစ်ခါလည်း ဝီရိယကောင်းသလောက် ကံမပါခဲ့ပုံပဲ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းရှည်ကြီး ပြိုင်တူချလိုက်ကြတယ်။

"ပြောတောင်မပြောချင်ဘူးကွာ..."

"ကောင်းတာပေါ့..."

"ဟေ့ကောင်... တန်းပြီး လှည့်ထွက်မသွားနဲ့လေ၊ ‌မပြောချင်ဘူးဆိုတာ ပြောချင်ပေမယ့် ပြောရတာ သိပ်ပျော်စရာကောင်းတဲ့ကိစ္စ‌တော့ မဟုတ်ဘူးလို့ ပြောတာကွ၊ မြန်မာစကားနားထောင်ရင် အနက်ကိုနှိုက်စမ်းပါ"

"အနက်လည်းမနှိုက်ချင်ဘူး၊ အဖြူလည်းမနှိုက်ချင်ဘူး... အားနေတာလည်းမဟုတ်ဘူး... မင်းတို့ရဲ့ လူပျိုလှည့်တောလားကို ပြောချင်ရင် အချိန်ငါးမိနစ်ရမယ်၊ ဒါများနိုင်သလောက် သဘောထားကြီးစွာပေးတာ"

"အငယ်ကောင်... မင်းပြောပြလိုက်..."

"မင်းပဲပြော... ငါ ဒဏ်ရာပြန်မဆွချင်ဘူး"

၆ မိနစ်ငယ်တဲ့သူ့အမြွှာညီက ခေါင်းယမ်းလက်ခါပြတာမို့ နားထင်စောင်းမှာ ပလာစတာကပ်ထားတဲ့ စစ်မင်းထက်က ဆေးရုံခုံတန်းမှာ ခပ်ဖြည်းဖြည်းထိုင်ချရင်းနဲ့ စကားစဖို့ အသက်ပြင်းပြင်းရှိုက်ယူလိုက်တယ်။

Heartless December❄️ ZG version Where stories live. Discover now