❄️❄️❄️
အမြဲတမ်းလိုလို အဲ့ဒီမျက်ဝန်းနက်တစ်စုံမှာ အရည်ကြည်တွေလျှမ်းလာတဲ့ အခိုက်အတန့်တိုင်းက ကျွန်တော့်နှလုံးသားကို စည်းချက်တစ်ချက် ကျော်ခုန်သွားစေတယ်။
တစ်ယောက်ယောက်ရဲ့မျက်ရည်က ကျွန်တော့်အာရုံတွေကို အလုံးစုံလွှမ်းမိုးပစ်နိုင်မယ်ဆို အဲ့ဒီလူဟာ ခင်ဗျားတစ်ယောက်ပဲ ဖြစ်လိမ့်မှာ...။
"ကိုကို... ဘာဖြစ်လို့လဲ...
ကျွန်တော့်ကို ပြောဦးလေ..."ကိုကိုက ကျွန်တော့်ရဲ့ဒုတိယမေးခွန်းကိုကြားမှ မျက်တောင်နှစ်ချက်မြန်မြန်ခတ်ပြီး မျက်ဝန်းထောင့်မှာ စီးကျနေတဲ့ မျက်ရည်လမ်းကြောင်းလေးကို လက်ချောင်းသွယ်သွယ်တွေနဲ့ ဖိသုတ်သန့်ရှင်းလိုက်တယ်။ အနားမှာ အသင့်ရှိနေတဲ့ note စာအုပ်လေးကို အသာကောက်ယူပြီး ရေးပေးလာတဲ့ဖြေရှင်းချက်ကတော့ ခပ်တိုတိုပါပဲ။
'အဲ့ဒါ ငါအကြိုက်ဆုံးသီချင်း...'
စာယူဖတ်ပြီး ကိုကို့မျက်လုံးတွေကို အကဲခတ်လိုက်ရင်း...။
"ဒါဆို ကျွန်တော်အကြိုက်ဆုံးသီချင်းက ကိုကိုအကြိုက်ဆုံးသီချင်း ဖြစ်နေတာပဲ... ကျွန်တော် သီချင်းရွေးတာ မှန်သွားတယ်ပေါ့..."
ပြုံးလျက်ခေါင်းငြိမ့်ပြနေတဲ့ ကျွန်တော်တစ်ဖက်သက်ချစ်ရသော လူသား...။
"ကိုကိုကတော့ဗျာ... ကျွန်တော်သီချင်းဆိုပြတာက မျက်ရည်ကျလောက်တဲ့ထိ နားဝင်ပီယံရှိမှန်းသိပေမယ့် လူကိုလန့်အောင်တော့ မလုပ်ပါနဲ့..."
အရွှန်းဖောက်လိုက်ပြီးတဲ့နောက် မနက်က စားပွဲခုံပေါ်ကို ကျွန်တော်ချွတ်ပြီးတင်ထားခဲ့တဲ့ မာဖလာအနီလေးကို ဝေ့ကြည့်မိတယ်။
"အဲ့ဒီသီချင်း... အာကာဝေယံလည်း ကိုကို့ကို ဆိုပြခဲ့ဖူးတယ်မလား..."
"..."
သုံးလေးစက္ကန့်စာလောက် ကိုကို့မျက်ဝန်းအိမ်တွေ ကျယ်သွားတာ သတိထားမိပါရဲ့။ ကျွန်တော် နှုတ်ခမ်းပေါ်ကအပြုံးကို အရှိန်တင်လိုက်တယ်။
"သူက အသံကောင်းလားဟင်..."
"..."
ဘာတုံ့ပြန်မှုမှ ပြန်မရပါဘူး။
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...